Mindfulness on the go

scattered thoughts
scattered thoughts by me
1 min readSep 21, 2019

ဖတ်မိတဲ့ Jan Chosen Bays ရေးတဲ့ Mindfulness on the go (Simple Meditation practices you can do everywhere) စာအုပ် ထဲက မှတ်သားမိတဲ့ အချက်လေးတွေ ပြန်ရှယ်တာပါ။
ဒီလို Zen meditation စာအုပ်တွေ ဖတ်ဖြစ်တာက သူတို့ပြောတာတွေက ပေါ့ပေါ့ပါးပါးနဲ့ သွားရင်းလာရင်း လွယ်လွယ်ကူကူနဲ့ နေရာမရွေး အချိန်မရွေး လိုက်လုပ်နိုင်တယ်၊ စိတ်အေးချမ်းမှူ့ ရလို့ပါ။ အဲ့ဒီ စာအုပ်လေး ဖတ်ကြည့်ဖို့ recommend လုပ်ပါတယ်။

၁။ ကိုယ့်ရဲ့ လက်၂ဖက်မှာ မသန်တဲ့ လက်ကို အသုံးချကြည့်ပေးပါ။ ဥပမာ ဘယ်သန်ဆို ညာဘက်လက်ကို သုံးပြီး သွားတိုက်ကြည့် ၊ ခေါင်းဖီးကြည့်ပါ။ အဲ့ခါကျ စစချင်းမှာတော့ အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်၊ ဒီလက်ကလေးက သန်မှမသန်ဘဲ။ အဲ့တော့ ဒီမသန်တဲ့လက်ကလေးကို သုံးတဲ့အခါ အာရုံစိုက်ရတဲ့အတွက် ကိုယ်က ဘယ်လောက် သည်းခံနိုင်မှူ့ရှိလဲ သိလာနိုင်တယ်၊ အသစ်အသစ်တွေကို သင်ယူဖို့ဆို ကိုယ်မအိုသေးဘူး ကိုယ်လုပ်နိုင်တယ် ဆိုပြီး ယုံကြည်မှူ့ ပိုရှိလာတယ်တဲ့။ ပိုပြီးလဲ လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်လာတယ်တဲ့။ တချို့ကိစ္စတွေမှာ ကိုယ့်လောက် မလုပ်တတ်တဲ့လူတွေနဲ့ ကြုံတွေ့ရတဲ့အခါ ပိုပြီး နားလည်ပေးနိုင် ကိုယ်ချင်းစာတရား ပိုထားနိုင်လာပါတယ်တဲ့။

၂။ စားသောက်တဲ့အခါမှာ စားသောက်တာပဲ သတိနဲ့ လုပ်ပါ။ အစားတစ်ဇွန်းစားတိုင်း ပျော်ရွှင်နှစ်ခြိုက်စွာ စားပါ။

၃။ စကားပြောတဲ့ အခါမှာ မလိုအပ်ဘဲ စကားထောက်တွေ မသုံးနဲ့၊ နားထောင်တဲ့ လူအတွက်လဲ အနှောင့်အယှက်ဖြစ်တယ်။ ကိုယ်လဲ သတိလွတ်သွားတတ်တယ်။

၄။ သဘာဝတိုင်း ကြားနေရတဲ့ အသံတွေ နားထောင်ကြည့်ပါ။

၅။ နောက်ကျနေတဲ့လူတွေကို စောင့်ရတဲ့အခါ စိတ်မရှည် ဒေါသဖြစ်ပြီး စောင့်နေမဲ့ အစား သတိလေးကပ်ပြီး နေကြည့်၊ မမျှော်လင့်ဘဲ တရားမှတ်ဖို့ အချိန်ရပြီ၊ မမျှော်လင့်ဘဲ သတိကပ်ဖို့ အချိန်ရပြီဆိုပြီး သတိကပ်ပြီး နေကြည့်ပါတဲ့။

၆။ အလှူရှင်နေရာမှာ အမည်မသိအနေနဲ့ လှူကြည့်ပါ။

၇။ စိတ်ငြိမ်အောင် စိတ်အေးချမ်းအောင် အသက်ရှူ၊ သတိရတိုင်း လေကို ၃ကြိမ်ရှူ ကြည့်ပါ။

၈။ ကိုယ့်ရောက်နေတဲ့ နေရာလေးနဲ့ စိတ်အခိုက်အတန့်ကို အသိအမှတ် ပြုပါ။

၉။ လက်တွေ ငြိမ်ငြိမ်ထားခြင်းက စိတ်တွေငြိမ်စေပါတယ်။ သတိရတိုင်း လက်ကိုငြိမ်ငြိမ်ထားပါ။

၁၀။ လမ်းလျှောက်တဲ့အခါ ခြေဖဝါးမှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှူ့၊ လှုပ်ရှားမှူ့များ ကို သတိထားပြီး ကြည့်ကြည့်ပါ။ အဲ့ဒါကို စူးစူးစိုက်စိုက် ကြည့်ရင်လဲ စိတ်တည်ငြိမ် အေးချမ်းစေပါတယ်။

၁၁။ အစာစားတဲ့အခါ တစ်ခါစားရင် တစ်လုပ်ပဲစားပြီး ဇွန်းကိုအောက်ချထား၊ စားလက်စ တစ်လုပ်ကိုပဲ သတိထားပြီး အေးဆေးစားပါ။

၁၂။ သူများပြောတာနားထောင်တဲ့အခါ စိတ်ငြိမ်ငြိမ်ထားပြီး နားထောင်ပါ၊ သူပြောတာ နားထောင်ရင်း စိတ်ထဲကနေ ငါ ဘယ်လိုပြန်ဖြေလိုက်မယ်တွေ ဘယ်လိုပြောလိုက်မယ်တွေ လိုက်တွေးမနေပါနဲ့။ လိုအပ်မှ ပြန်ဖြေပါ။ ဒီတိုင်းပဲ နားထောင်။

၁၃။ ကိုယ့်ဘဝကို ကိုယ် ကျေနပ်ပါ။

၁၄။ များများပြုံးပါ။

--

--