US က ဆရာဝန်ကြီး Rishi Manchanda ရဲ့ TED talk

scattered thoughts
scattered thoughts by me
2 min readSep 21, 2019

US က ဆရာဝန်ကြီး Rishi Manchanda ရဲ့ TED talk အကြောင်း နားထောင်တော့ သူပြောတာ သဘောကျမိလို့ ပြောပြတာ။

သူ့ရဲ့ လူနာ Veronica က migraine ဖြစ်နေတာ အတော်ဆိုးတယ်။ သူ့ကို လာမပြခင်မှာ emergency room ထဲဝင်ရတာ ၃ခါရှိပြီ။ ဆရာဝန်တွေက သွေးစစ်တယ်၊ စစ်သင့်တာ အကုန်စစ်တယ်။ ဆေးစစ်ချက် result တွေ အကုန်ကောင်းတယ်။ သူ မသက်သာတာ ခံစားရတာ ဆရာဝန်တွေက သိတော့သိတယ်။ ဒါပေမဲ့ အဖြေရှာမရဘူးပေါ့။ အဲ့တော့ လူနာက စိတ်ဓာတ်တွေက ကျလာတယ်။

အဲ့လိုနဲ့ ဒီဆရာဝန်ကြီး ဆေးခန်း ရောက်လာတယ်။ ဆရာဝန်ကြီးရဲ့ ဆေးခန်းမှာကျတော့ သူနဲ့မတွေ့ခင်မှာ သူရဲ့ လက်ထောက်နဲ့ အရင်တွေ့ရတယ်။ လူနာကို အင်တာဗျူး မေးခွန်း လေးတွေ မေးတယ်။ သူ့ တို့ မေးတာမှာ တခြားဆရာဝန်တွေ မေးလေ့မရှိတဲ့ အိမ်ရဲ့ အခြေအနေ၊ ရေပိုက်တွေ ပေါက်နေတာရှိလား၊ အိမ်မှာ မှိုတွေရှိလား၊ ပိုးဟပ်တို့ ခြင်တို့ ရှိလား စတဲ့ အချက်တွေ ပါတယ်။ Veronica အိမ်မှာ အဲ့ဒီအချက်တွေရှိပါတယ်ဆိုပြီး ဖြေထားတယ်။

Veronicaက ဆရာဝန်ကြီးနဲ့ တွေ့တဲ့အခါကျ ခေါင်းကိုတောင် မတ်မတ် မထောင်နိုင်ဘူး၊ ခေါင်းတအားကိုက်လို့ လက်နှစ်ဘက်နဲ့ ဖိထားတယ်တဲ့။ ဆရာဝန်ကြီးနဲ့ စကားပြောတော့ Veronicaက နှာခေါင်းကို ခဏခဏ ပွတ်နေတာ ဆရာဝန်ကြီးက သတိထားမိတယ်။ သူဖြေထားတဲ့ interview အဖြေတွေရယ် သူ့ရှေ့မှာ မျက်မြင် မြင်နေရတာနဲ့ ကြည့်လိုက်ရင် Veronica ဘာရောဂါဖြစ်နေတာလဲ ဆရာဝန်ကြီးက သိသွားတယ်။ Veronica ရေ မင်းဘယ်လိုခံစားနေရလဲ ငါသိတယ်၊ ကိုယ်ချင်းစာတယ်၊ မင်း ရောဂါကို ငါသိတယ်။ မင်းက နာတာရှည် allergy ဖြစ်နေတာ။ ကုသချက်အနေနဲ့ဆို အဓိကတော့ မင်းအိမ်ပဲတဲ့။ ငါ specialist နဲ့ ညွန်းပေးမယ်။ သူတို့ ကူပါလိမ့်မယ်လို့ ပြောတယ်။

အဲ့ဒါနဲ့ Veronica က မေးတယ်၊ အရင်က ဆရာဝန်အများကြီးနဲ့ ပြဖူးပါတယ်။ ဘယ်သူ့မှ သူ့အိမ်အကြောင်း မမေးခဲ့ဘူး။ အခု ဆရာဝန်ကြီးက မေးပြီး အိမ်ကြောင့်လို့ ပြောတော့ အံဩရတယ်၊ ဘာလို့လဲလို့ မေးတယ်။ ဆရာဝန်ကြီးကတော့ တခြားဆရာဝန်တွေ ဘာလို့ မမေးကြလဲ မပြောဘူး။ သူ ကုသချက်ကိုပဲ ဆက်ရှင်းပြတယ်။

သူခုနက ပြောတဲ့ specialist ဆိုတာ ဆရာဝန်မဟုတ်ဘူး၊ community healthcare worker ရယ် ရှေ့နေ့ရယ်ကို ပြောတာ။ healthcare worker က လူနာတွေရဲ့ အိမ်အခြေအနေတွေကို လိုက်ကြည့်ပေးတယ်။ ခုနက Veronica ရဲ့ အိမ်လို မျိုးဆိုရင် မှိုတွေ ရှိတာမျိုးက နေတဲ့လူတွေအတွက် အသက်ရှူလမ်းကြောင်း ရောဂါ တို့ allergy တို့ ဖြစ်နိုင်တယ်။ တကယ်လို့ လူနာက အိမ်ငှါးနေရတာဆိုရင် အိမ်ရှင်က ပြင်ပေးဖို့ တာဝန်ရှိတယ်။ မပြင်ပေးဘူးဆိုရင် တရားစွဲဖို့အတွက် ရှေ့နေ့က ဆက်ပြီး ဆောင်ရွက်ပေးမှာ။ အဲ့ကြောင့် သူတို့မှာ တခါတည်း စီစဉ်ပေးဖို့ အဖွဲ့ဖွဲ့ထားတာ။

သူတို့တွေ Veronica ရဲ့ အိမ်ကို လိုက်ကြည့်ပြီး လိုတာတွေ ပြင်ဆင်ပေးလိုက်တဲ့အခါ Veronica က အတော် သက်သာလာတယ်။ ဆရာဝန်ကြီးနဲ့ နောက်တစ်ခေါက် ရက်ချိန်းရှိလို့ လာပြတဲ့ အခါ Veronica ရဲ့ ရောဂါက 90% သက်သာနေပြီ ပြောတယ်။ သူ့သားလေးက အရင်က asthma ရောဂါရှိတယ်။ အခုကျ လုံးဝ ပျောက်သွားတယ်တဲ့။

ဆရာဝန်ကြီးက ရှင်းပြတယ်။ ကိုယ်နေတဲ့ နေရာကလဲ အရေးကြီးတယ်တဲ့။ အခန့်မသင့်ရင် ကိုယ့်ကို နေမကောင်း ဖြစ်စေနိုင်တယ်တဲ့။ အဲ့ကြောင့် နေမကောင်းလို့ ဆရာဝန်ဆီ သွားတဲ့အခါ ဆရာဝန်က မမေးလဲ ကိုယ်က စမေးပါတဲ့။ ကိုယ့်ရောဂါနဲ့ ပက်သတ်ပြီး ရုံးတွေ အိမ်တွေမှာ ဘာတွေ သတိထားရမလဲ၊ဘာတွေ ဆောင်ရရှောင်ရမလဲ မေးကြည့်ပါတဲ့။

ဆရာဝန်ကြီး ပြောတာ အစအဆုံး နားထောင်ချင်ရင် ဒီမှာ နားထောင်လို့ ရပါတယ်

--

--