No Dream Is Too High

scattered thoughts
scattered thoughts by me
2 min readDec 16, 2019

အာကာသမှူး Buzz Aldrin ရေးတဲ့ “No Dream Is Too High” စာအုပ်ကိုဖတ်ရင်း အားတက်ရတယ်။ သူ့သူငယ်ချင်းတွေကို ခင်တဲ့အကြောင်း ရေးထားတာ အရမ်းခံစားရတယ်။ ကြိုက်တဲ့အကြောင်းလေးတွေ နည်းနည်းပြောပြချင်လို့။
သူက သူ့သူငယ်ချင်းတွေ အရမ်းခင်တွယ်တယ်။ အမြဲတန်းလဲ အဆက်အသွယ်လုပ်တယ်။ အာကာသမှူးအနေနဲ့ NASA ကို မသွားခင် သူက fighter pilot မောင်းခဲ့တယ်။ စစ်ပွဲတွေ ဖြစ်တဲ့နေရာတွေမှာ နေခဲ့ဖူးတယ်။ စစ်ပွဲ mission ၆၀ကျော်မှာ ပါဝင်ခဲ့တယ်။ သူတို့ ရန်သူလေယာဉ်တွေကို အနီးကပ် တိုက်ခိုက်ခဲ့တာတွေ ပြန်ရေးထားတယ်။ အဲ့မှာ ကိုယ်ကြိုက်တဲ့ သူရေးထားတာ စာသားက

fighter pilots don’t have emotions: we have ice in our veins. That quality served me well when, Apollo 11 computers began to malfunction when closing in on landing on the Moon.

သူစိတ်တည်ငြိမ်ချက်ကတော့ အတော်လေးကို ကျင့်ယူထားတယ်။ အမေရိကန်လေတပ်မှာ fighter jet တွေ မောင်းတုန်းက ရန်သူလေယာဉ်တွေကို ပွတ်ကာသီကာ အပြိုင်အဆိုင် လက်နက် နဲ့ ပစ်တာတွေ ရုပ်ရှင်ထဲက အတိုင်းပဲ။ ရန်သူလေယာဉ်တွေကို သူက အနိုင်ပိုင်းနိုင်ခဲ့ လက်နက်နဲ့ပစ်ချနိုင်ခဲ့တယ်။ အမေရိကန်လေတပ်က သူ့ကို ဂုဏ်ပြုပြီး Oak Leaf Cluster ဆု ပေးခဲ့တယ်။

နောက်ပိုင်း NASA မှာ အလုပ်လုပ်တော့ Apollo 11 နဲ့ Moon ပေါ်သွားဖို့ Mission အတွက် ပြင်ဆင်ရတာတွေ အများကြီးပဲ။ ခံနိုင်ရည်ရှိအောင် ရေထဲမှာ လမ်းလျှောက်ကျင့်ရတာလဲ ပါတယ်။ အတော်ပင်ပန်းတယ်။ တကယ်တန်းသွားတော့ သူတို့ Moon ပေါ်မှာ ဆင်းသက်ခါနီးမှာ Apollo 11 ရဲ့ ကွန်ပျူတာ error ကြောင့် လမ်းကြောင်းနည်းနည်းရှည်သွားတဲ့အတွက် landing လုပ်ဖို့အတွက် ဆီက စက္ကန့်ပိုင်းစာပဲ ကျန်တော့တာ။ ဆီအပိုမပါဘူး။ နဲနဲလေးလွဲသွားတာနဲ့ mission ကော သူတို့အသက်ကော သွားပြီ။ စိတ်ကို ငြိမ်အောင်ထားပြီး landing လုပ်နိုင်အောင် ကြိုးစားခဲ့တယ်တဲ့။ အဲ့ကြောင့်လဲ သမိုင်းဝင် အောင်မြင်မှူ့ ဖြစ်ခဲ့သလို လကမ္ဘာပေါ်မှာ ပထမဆုံး ခြေချနိုင်ခဲ့တဲ့ လူသားတွေ ဖြစ်ခဲ့တယ်။

အရင် Fighter Jet မောင်းတုန်းက သူ့ သူငယ်ချင်း တခြား pilots တွေ ရှိတယ်။ သူအမှတ်တရရှိတာက သူနဲ့တူတူ လေယာဉ်ကို တောင်ပံ ယှဉ်ပြီးမောင်းလေ့ရှိတဲ့ Sam ဆိုတဲ့ pilot။ Sam ရဲ့ လေယာဉ်ကို ရန်သူတွေ လိုက်တုန်းကလဲ သူက Samရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ Sam က Vietnam က 25th Combat Mission မှာ တာဝန်ထမ်းဆောင်တာမှာ လေယာဉ်မောင်းရင်း ပစ်ချခံရပြီး မြောက်ဗီယက်နမ်မှာ ထောင်ချခံရတယ်။ အဲ့ဒါကို Aldrin က Sam လွတ်ဖို့ ဆုတောင်းတဲ့အပြင် Sam ရဲ့ နာမည်၊ ကိုယ်ပိုင်နံပါတ်၊ ရာထူးတွေကို metal လက်ပတ်ကလေးမှာ ထွင်းပြီး ဝတ်ထားတယ်။ အဲ့လက်ပတ် ဝတ်ရခြင်းရဲ့ အဓိပ္ပာယ်က သူငယ်ချင်း လွတ်မြောက်ဖို့ မျှော်လင့်ချက်ရယ်၊ သူငယ်ချင်းကို အားပေးတာရယ်၊ သူငယ်ချင်းနဲ့ တညီတညွတ်တည်း ရှိတယ် ဆိုတဲ့ team spirit ကို ပြတာ။ ဘယ်လောက်တောင်လဲ ဆိုရင် လကမ္ဘာကို အသွားအပြန် လုပ်တာတောင် အဲ့လက်ပတ်လေး ဝတ်သွားတယ်။

Sam က ထောင်ထဲမှာ ၇နှစ်နေရတယ်၊ ထောင်ရဲ့ အမှောင်ထဲမှာပဲ နေရတာမို့ Aldrinက Apollo11 Mission မှာ ပါမှန်းလဲ မသိဘူး။ အမေရိကန်တွေ လပေါ်ရောက်တယ်လို့ ထောင်ထဲက ရေဒီယိုမှာ ကြော်ငြာတာ ကြားပေမဲ့ ထောင်ထဲကလူတွေက ဒါ မဖြစ်နိုင်ဘူး၊ ဖြစ်ချင်ဖြစ် ရုရှားကပဲ ဖြစ်လိမ့်မယ်၊ မင်းနားကြားမှားတာနေမှာပါ ဆိုပြီး ဝိုင်းပြောကြတယ်။ Sam က သူတို့ပြောတာ မယုံဘူး၊ လပေါ်ကို အမေရိကန်ကလူတွေ ရောက်တာပဲဖြစ်မယ်ဆိုပြီး သူယုံကြည်တာကို ပြန်ငြင်းတယ်။ ထောင်ကထွက်လာပြီးမှ ဒီအကြောင်းကို ပြန်စုံစမ်းခဲ့တဲ့အခါမှ အမေရိကန်တွေ လကမ္ဘာပေါ် တကယ်ရောက်ခဲ့တယ်။ ရောက်ခဲ့တဲ့ ၃ယောက်မှာ တစ်ယောက်က သူ့သူငယ်ချင်းကြီး Aldrin ဖြစ်မှန်းသိသွားတဲ့အခါ အရမ်းဝမ်းသာရတယ်။ သူတို့ ပြန်အဆက်အသွယ်ရသွားတယ်၊ ပြန်တွေ့ကြတာ ဖတ်ရတာ အရမ်း ဝမ်းသာရပါတယ်။ ။

--

--