တရားနာခြင်း


Sky Let မှာ Coffee သောက်ရင်းဘုန်းကြီးဟောနေတဲ့တရားလေးတစ်ချက်တစ်ချက်နားထောင်မိလိုက်ပြီး ငါတရားမနာတာတောင်တော်တော်ကြာပြီဆိုပြီးတွေးမိတယ်။ အရင်ကလည်းမကြာမကြာတရားနာတက်တဲ့သူတစ်ယောက်တော့လည်းမဟုတ်ပါဘူး။ ဒါပေမယ့်ဒီနေ့စိတ်ထဲတရားနာချင်စိတ်ဖြစ်ပေါ်နေတယ်… ဒီနှစ် ၂၀၁၇ ခုနှစ်အတွင်းတရားပုဒ်ပေါင်း ၅၀ နားထောင်မယ်လို့ဆုံးဖြတ်ထားတယ်…

အခုတော့ သတိနှင့်ဆားဥပမာပြ ဆိုတဲ့တရားတော်ကိုနာယူခဲ့ပါတယ်။ တရားတော်ကအရာရာကိုသတိထားရမယ့်အကြောင်း… သတိမထားရင်ဖိနပ်တောင်မှားစီးတက်ကြောင်းကအစ ဆားမပါတဲ့ဟင်းကဘယ်လောက်ပင်တန်ဖိုးကြီးပေမယ့်အရသာမရှိသလို အရာရာကိုသတိမရှိတဲ့လူဟာလည်းအသေဆိုးနဲ့သေပြီးငရဲသို့ကျရောက်မည်ဖြစ်ကြောင်းတို့ကိုဟောကြားပြသသွားပါတယ်။

ကျွန်တော့်အတွက်၂၀၁၇ ခုနှစ်အတွက် ပထမဆုံး တရားတော်နာကြားပြီးသွားပြီးတွေးစရာများစွာလည်းရရှိသွားပါပြီ။