Celebrity

16.9K

Stories

7.3K

Writers

“ငါ့ကောင်လေးနဲ့ လမ်းခွဲလိုက်ပြီ” လို့ Instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ Goo Hye Sun

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Goo Hye Sun ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူမ ကိုယ်တိုင်အသုံးပြုတဲ့ Instagram စာမျက်နှာကနေ သူမရဲ့ပုံရိပ်အချို့တို့ကို မျှဝေဖော်ပြခဲ့ပါတယ်။ ဒီလိုမျှဝေရာမှာတော့ အဆိုပါပုံတွေနဲ့အတူ “ငါ့ကောင်လေးနဲ့ လမ်းခွဲလိုက်ပြီ” လို့ဆိုတဲ့ Caption ကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီအခါမှာတော့ ပရိသတ်တွေအတော်များများမှာ “Goo Hye Sun တစ်ယောက် သူမရဲ့ချစ်သူနဲ့လမ်းခွဲလိုက်ပြီလား” လို့ဆိုကာ မေးခွန်းတွေထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တချို့သောအွန်လိုင်းအသုံးပြုသူပရိသတ်တွေက Goo Hye Sun အနေနဲ့ ဒီလိုရေးသားထားရတဲ့အကြောင်းအရင်းဟာ သူမရဲ့ နှလုံးသားရေးကိစ္စကြောင့်မဟုတ်ပဲ အသစ်ထွက်ရှိလာမယ့် ကြော်ငြာရုပ်ရှင်အတွက်သာဖြစ်တယ်ဆိုတာကို Comment ကနေတဆင့် ရှင်းပြပေးခဲ့ကြပါတယ်။

“ငါ့ကောင်လေးနဲ့ လမ်းခွဲလိုက်ပြီ” လို့ Instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ Goo Hye Sun
“ငါ့ကောင်လေးနဲ့ လမ်းခွဲလိုက်ပြီ” လို့ Instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ Goo Hye Sun