Social Media Accounts တွေ ဘာလို့ Hacked ခံရလဲ?

Zin Thaw Tun
Tech By A Burmese
Published in
4 min readNov 1, 2018

“ဟာ ငါ့အကောင့်အဟက်ခံလိုက်ရပြီ 🤯 🤯 🤯”

ဘာလို့ social media အကောင့်တွေ အဟက်ခံရလဲ ဘာကြောင့်ဖြစ်နိုင်လဲ နေ့စဉ် new feeds မှာတက်လာတဲ့ social media problem အရှုပ်ထုတ်တွေထဲက တစ်ခုဖြစ်တဲ့ စုံတွဲတွေရဲ့ video တွေတက်လာတာ လူတစ်ယောက် က တစ်ခြားလူတစ်ယောက်ကို ကိုယ်ကမလုပ်ပဲနဲ့ စာတွေပို့ပြီး ပိုက်ဆံတွေချေးနေတာ အစရှိတဲ့ မကုန်မဆုံးနိုင်သော problems တွေတစ်နေ့တစ်ခြား မရိုးရအောင် တွေ့ လာရပါတယ်။

ကျွန်တော်ဒါဘာကြောင့် ဖြစ်တာလဲလို့ အဖြေရှာပါတယ်။ Social Media အကောင့်တွေ အဟက်ခံရတာ နည်းလမ်းမျိုးစုံနဲဖြစ်နိုင်ပါတယ်။ 🤔🤔🤔

Social Engineering

ဘာလဲ Social Engineering ??? ဒါက အလွန်နံမည်ကြီးတဲ့ Computer Science၊ Cyber Security နဲ့ Psychology ပေါင်းထားတဲ့ Topic လေးပါ။တကယ်တမ်းပြောမယ်ဆိုရင် Social Engineering Topic ကအရမ်းကျယ်ပြန့်ပါတယ်။ အခုတော့ အချုပ်အားဖြင့် Hacking ရဲ့ သဘောသဘာဝလေးကိုရှင်းပြပါမယ်။ Hackingဆိုတာ လူတစ်ယောက်ရဲ့ ခွင့် ပြုချက်မရပဲ အဲ့ဒီလူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အသုံးချပြီးအကြောင်းပြချက်တစ်ခုကြောင့် (ငွေရေးကြေးရေး သို့မဟုတ်ကိုယ်ရေးကိုယ်တာ အကြောင်းတစ်ခုခုကြောင့် )အမြတ်ထုတ်တာပါ။ ဘာလို့ အဲ့လိုပြောတာလဲ ဆိုတော့ Hacker တစ်ယောက်က တစ်ခြားတစ်ယောက်ကို တိုက်ခိုက်တော့မယ် ဆိုရင် အခြေခံအားဖြင့် တိုက်ခိုက်ခံရမယ့်သူ (victim) ရဲ့ အခြေခံအချက်အလက်တွေလိုပါတယ်။ အခြေခံအချက်အလက်တွေပေါ်မှာ မူတည်ပြီး တိုက်ခိုက်ပုံ နည်းအမျိုးမျိုး ကိုစဉ်းစားရပါတယ်။ တိုက်ခိုက်ပြီးလို့ လိုချင်တဲ့ အချက်အလက်ရပြီးပြီဆို ဒါမှမဟုတ် လူတစ်ယောက်ကို ငွေညစ်တာ ဒါမှမဟုတ် ခြိမ်းခြောက်တာမျိုး တစ်ခုခုပေါ့ ကျူးလွန်ပြီးတာနဲ့ ခြေရာလက်ရာလေးတွေဖျောက်ပြီး အသာလေးထွက်လာကြပါတယ်။ ဥပမာ ပြသနာရှာပြီး ခြေရာလက်ရာဖျောက်ပြီးထားခဲ့တဲ့ ရာဇ၀တ်သားပေါ့ ။ အဲ့ ဒါ Hacking ရဲ့ သဘောတရားပေါ့ ။ Hacker တစ်ယောက်က သူ့ ရဲ့ Identity အမှန်ကို အမြဲဖျောက်ထားတတ်ပါတယ်။ သူဟာ ကောင်လေးတစ်ယောက်ဖြစ်ပေမယ့်လဲ ကောင်မလေးတစ်ယောက်လို ပြောချင်ပြောမယ်။ သူဟာ ရန်ကုန်မှာနေပေမယ့်လဲ လန်ဒန်မှာကျောင်းတက်နေတယ်ဖြစ်ချင်ဖြစ်မယ်ပေါ့ ။ သူရဲ့ ခြေရာကို သူအမြဲ ဖျောက်ထားမှာပါ။ အောက်မှာပြထားတဲ့ ပုံက တစ်ကယ် တိုက်ခိုက်တဲ့ Social Engineering ရဲ့ Life Cycle လေးပါ။

အပေါ်ကပုံကို ကြိုက်လို့ Incapsula က ယူလာတာပါ။

အခြေခံ Personal Information လိုတယ်???

အခြေံ Personal Information တွေက Name, Date of Birth, Email, Phone Number, Favorite things, etc…

ဘာလို့ လိုတာလဲ? 🤔🤔🤔

အဓိက ပြစ်မှတ်က Password ကိုလိုချင်လို့ပေါ့။

အခုက Social Media Attack အကြောင်းပြောမှာဆိုတော့ Social Media Attack ဖြစ်နေကျပုံစံလေးတွေကို ဥပမာပေးပြီး ဆွေးနွေးသွားပါမယ်။ Technical Terms တွေသိပ်မသုံးပဲ ဘယ်လို တိုက်ခိုက်ခံရနိုင်တယ်ဆိုတာကို ရှင်းပြပေးသွားပါမယ်။

Hack ခံရပြီဆိုတဲ့ အခြေအနေ

မိမိ Social Media အကောင့်မှာ Security Setting မှာ Log in History ပါပါတယ်။ အဲ့မှာ ကြည့်လို့ မိမိ သုံးထားတဲ့ Log In ၀င်ထားတဲ့ နေရာထက် ၀င်ထားတာများနေရင်။ မူမမှန်တဲ့ Message တွေရှိနေရင် သင်ဟာ Hacked ခံရပြီဆိုတာ 90% သေချာပါတယ်။

Hacked ခံရတဲ့ အခြေအနေတွေအမျိုးမျိုးရှိပါတယ်။

Facebook Page အတု

What??? 😳😳😳 Yes!!! 😎😎😎 တစ်စုံတစ်ယောက်ကများ သင့်ကို Email ပို့လာပြီး ဒါမှမဟုတ် Message ကနေ Link လေးပို့တာပဲဖြစ်ဖြစ် “သင် ကံစမ်းမဲပေါက်ပါတယ် အောက်ပါ လင့်လေးကနေ ကံစမ်းမဲပေါက်တာကို ရယူပါ” 👈👈 😂😂 အဲ့လို ပုံစံမျိုးပို့လာလို့ ကိုယ်ကနိပ်မိပြီ ဆိုပါတော့ ။

အဲ့လိုများနိပ်မိပြီဆိုရင် အကယ်လို့များ သူက Facebook နဲ့ Login ၀င်ရမယ်ပေါ့ အဲ့လိုမေးလာရင် ထပ်ပြီးဝင်မိရင် သင်ရဲ့ User Email နဲ့ Password ပါသွားနိုင်ပါတယ်။ Hacker တွေက Facebook Page အတုလဲ ဖန်တီးနိုင်ပါတယ်။ Instagram အတုလဲ ဖန်တီးနိုင်သလို မည်သည့် Social Media အတုကို မဆိုဖန်တီးနိုင်ပြီးတော့ သင့် အကောင့် ကိုရယူမှုလုပ်နိုင်ပါတယ်။ ဒါကအရေးမကြီးဘူးထင်ရပေမယ့် ပုံမှန် တိုက်ခိုက်နေကြပုံစံတွေထဲကတစ်ခုပါ။

Ads နဲ့ Message ကနေတစ်ဆင့်

ဒီဟာကဘယ်လို အလုပ်လုပ်လဲဆိုတော့… Spyware လို့ခေါ်တဲ့ software တွေရှိပါတယ်။ အဲ့ ဒီ virus လေးတွေကို Ads တွေ ပုံတွေနဲ့ ပေါင်းပြီးတော့ပို့တဲ့အချိန်မှာ အဲ့ဒီ virus လေးတွေကတစ်ဆင့်ရယူတာပေါ့ ။ ပုံတွေကနေလဲ အဲ့ဒီ virus လေးတွေပါလာနိုင်ပါတယ်။ ဥပမာ… တိုက်ခိုက်ချင်တဲ့ သူက ကောင်မလေးပုံ ဟန်ဆောင်ထားပြီး ကောင်လေးတစ်ယောက်ကို နင့့် ပုံပို့ပါလား ငါလဲ ငါ့ပုံပို့ပေးမယ် ဆိုပြီး သူ့ဆီကလာတဲ့ ပုံတွေကတစ်ဆင့် Social Media App တွေမက Device တွေကိုပါတိုက်ခိုက်နိုင်ပါတယ်။

Public Networks

သင်ဟာ ဆေးရုံမှာပဲဖြစ် ကုန်တိုက်မှာပဲဖြစ်ဖြစ် Free Wifi ရတဲ့ နေရာတွေမှာ သုံခြင်းအားဖြင့်လဲ သင့် Social Media အကောင့် ဒါမှ မဟုတ် Device တွေကိုတိုက်ခိုက်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ သူရဲ့ Network ကိုသုံးတွေတာဖြစ်တဲ့ အတွက် သူ့ network ကနေသင့်ရဲ့ device ထဲမှာ ရှိတဲ့ Data တွေကို Security Layers တွေကို ကျော်ပြီးရယူနိုင်ပါတယ်။

GSM card ကို Clone လုပ်ပြီးတော့

ဒါက တစ်ကယ်ရှိပါတယ် သင့်ရဲ့ ဖုန်းနံပါတ်ကို သိတဲ့ Hacker တစ်ယောက်ကနေပြီးတော့ သင် ဖုန်းပြောနေသမျှတွေကို ခိုးနားထောင်နေလို့ ရသလို သင့်ရဲ့ ဖုန်းနံပါတ်ကို အသုံးခပြီးတော့ သင့်ရဲ့ Social Media အကောင့်ကို Verification Code တွေရယူပြီးတော့ တိုက်ခိုက်လို့ရပါတယ်။

Screen Monitoring or Key Logger Applications

ကိုယ်နဲ့ နေ့စဉ် သုံးနေကြ ကိုယ်ပိုင် Device မဟုတ်ပဲနဲ့ သူတစ်ပါး Computer သို့မဟုတ် Mobile Application တွေမှာ ကိုယ့် Facebook ကိုဖွင့်မိရင် လဲဖြစ်တတ်ပါတယ်။ Phone တို့ Computerတွေထဲမှာဖွင့်ပြီးပြန်ပိတ်ဖို့မေ့ခဲ့တာ။ ဒီလိုပုံစံက Internet Cafe တွေခေတ်မှာ ပိုဖြစ်ခဲ့ပါတယ်။ ဥပမာ ဆိုင်ရှင်ကနေပြီးတော့ မသမာပဲ သူ့ဆိုင်မှာ သုံးတဲ့ ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို Screen Monitoring လုပ်တာပဲဖြစ်ဖြစ် Key Logger Software နဲ့ပဲ ဖြစ်ဖြစ် သုံးပြီး Attack လုပ်တာပေါ့။

Fake Hackers

မြန်မာပြည်မှာ Technology Gap (နည်းပညာနဲ့ဝေးကွာတဲ့ အခြေအနေ) ရှိပါတယ်။ Facebook သုံးတတ်ပေမယ့် Facebook Account ဘယ်လိုဖွင့်ရမလဲ မသိတဲ့ သူတွေ အများကြီှးရှိပါတယ်။ ဒါဟာ အခွင့်ကောင်းကြီးပါ။ အရင်တုန်းကတော့ Internet ဆိုင်တွေမှာ ပိုက်ဆံပေးပြီးဖွင့်ပေးပါတယ်။ အခုတော့ ဖုန်းဆိုင်တွေမှာ ဖုန်းဝယ်ရင် အလကားဖွင့်ပေးတယ်။ တကယ်တော့ အဲ့ဒါကနေစတာပါ။ သူတစ်ပါးက ကိုယ့်ရဲ့ အကောင့်ဖွင့်ပေးတော့ အားလုံးကို သိတော့ ပြန်ပြီး Recovery Account လုပ်ပြီး ရယူရတာသိပ်လွယ်ပါတယ်။ နောက်တစ်မျိုးက Couple တွေမှာ ဖြစ်တဲ့ problem ပေါ့။ Facebook Account Password တောင်းတယ် ကောင်လေးက Recovery Email လေး သွားထည့်ထားလိုက်တယ်။ သူတို့ပြတ်သွားကြတော့ ကောင်မလေးက password ပြောင်းတယ် ကောင်လေးက Recovery ပြန်လုပ်ပြီး Problem တွေဖြစ်ကြတယ်ပေါ့။ ဒါတွေက Hacker ယောင်ဆောင်တဲ့ သူတွေ လုပ်တဲ့ အမူအကျင့်လေးတွေပါ။ Account Recovery လုပ်ကြတာပေါ့။

Password Prediction

တစ်ချို့ကလဲ သင့် ရဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ သင့် ရဲ့ Password ကို ခန့် မှန်းကြတာတွေရှိပါတယ်။ များတော့အား ဖြင့် လူတော်တော်များများ ဟာ Password ကို လွယ်လွယ်ပေးတတ်ကြပါတယ်။ နာမည်နဲ့လွယ်လွယ်ပေးထားတဲ့ Password တွေဟာ အလွန် သိနိုင်ဖို့လွယ်ပါတယ်။

ဘယ်လို Social Media Account တွေကို ကာကွယ်မလဲ?

တကယ်တမ်းကျတော့ Hacking လုပ်ခံရတဲ့ victim တွေက သူတို့ ရဲ့ အကောင့်တွေ ကိုဟက်ခံရတာ အဟက်ခံသူတို့ အမှားကြောင့် အများဆုံးပါ။ ဒါကို မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာ အရေးကြီးပါတယ်။

  1. Social Media ဖွင့် တဲ့ Email နဲ့ Business သို့မဟုတ် Communication Emails တွေကို မတူအောင်ထားပါ။ Email တွေရဲ့ Security Level ကိုမြင့်ထားပါ။
  2. Password ကို မိမိ နာမည်နဲ့ လုံးဝမထားပါနဲ့ ။ မတူညီပဲ ခက်အောင်ပေးပါ။
  3. Social Media Account တွေကမှာ Privacy Settings တွေကို ပြောင်းပါ။ ကိုယ်သိတဲ့သူ Profile အစစ်အမှန် မဟုတ်တဲ့သူတွေကို Friends အဖြစ်လက်မခံပါနဲ့ ။ Personal Information တွေကို တက်နိုင်ရင် Hide လုပ်ထားပါ။
  4. Social Media Account တွေမှာ Two-factor Authentication တွေဖွင့်ထားပါ။ Log တွေကို သေချာ check ပါ။ အကောင့် Security Setting ထဲမှာ အကောင့် က ဘယ်နေ့ မှာ ဘယ်မှာ ၀င်ထားပါတယ်ဆိုတဲ့ မှတ်တမ်းတွေရှိပါတယ်။
  5. အကောင့် ဖွင်ခိုင်းတယ်ဆိုရင်လဲ မိမိရဲ့ သားသမီး ရင်းချာ ဆွေမျိုး ရင်းချာတွေကိုပဲ ဖွင့်ခိုင်းပါ။ ဖွင့်ခိုင်းပြီးရင်လဲ Password ပြောင်းဖြစ်အောင်ပြောင်းပါ။ ဖြစ်နိုင်ရင် မိမိကိုယ်ကို အားကိုးပါ။
  6. အလင်းပြတဲ့ Link တွေ (Facebook Comments တွေမှာ) သတိထားပြီးဖွင့်ပါ။ ဖြစ်နိုင်ရင် Download Links တွေ Free ရတာတွေကို ရှောင်ပါ။ များသောအားဖြင့် Virus တွေ Spyware တွေပါတတ်ပါတယ်။
  7. မိမိဖုန်းနံပါတ်ကို အလွယ်တကူ သူများကို မပေးပါနဲ့။
  8. Public Wifi တွေ Free Wifi တွေတက်နိုင် သမျှ ရှောင်ပါ။
  9. မိမိဖုန်းကို ငှားပေးတာ။ Facebook ကိုပေးကြည့်တာ မျိုးကို ရှောင်ကျဉ်ပါ။ သူများဖုန်းမှာ ၀င်သုံးမိတာ သူများ ကွန်ပြူတာမှာ ဖွင့်တာမျိုးကိုလဲရှောင်ပါ။
  10. Password ကိုမိမိတစ်ယောက်ထဲပဲ သိပါစေ။ ချစ်တာနဲ့ Privacy နဲ့က တစ်ခြားဆီပါ။

အကောင်းဆုံး solution ကတော့ Internet သုံးတယ်ဆိုရင် VPN သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် အထက်ပါ အချက်အလက်တွေကို လိုက်နာ နေရင်ပဲ အတော်ကို လုံခြုံနေပါပြီ။ အားလုံး Hack ခံရချင်း Recovery လုပ်ခံရခြင်းမှ ကင်းဝေးပါစေ။

Peace ✌️

Zin

P.S Technical Knowledge တွေပိုလေ့လာချင်ရင် https://null-byte.wonderhowto.com မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Topic တွေရှိသလို https://thehackernews.com ကို Subscribe လုပ်ထားပါ Security နဲ့ ပတ်သတ်တဲ့ Update News တွေ အမြဲတင်ပါတယ် အဲ့ ဒီWeb Site မှာ။ 😎

Reference:

--

--