ကျနော် Junior UI/UX Designer တုန်းက သိချင်ခဲ့သောအရာများ… (သို့) Juniorများ သို့ပေးစာ..

Poe Ei Phyu
UI/ UX Sharing
Published in
3 min readMay 28, 2020

Junior တုန်းက Seniorတွေကိုအားကျခဲ့ရတာ။ ကျနော် သူတို့ကို “အဲ့လိုတချက်ကြည့်တာနဲ့ ဘာလိုတယ်ဆိုတာ သိအောင် ဘယ်လိုလုပ်ရမလဲလို့” မေးခဲ့ဖူးတယ်…

Background Graphics Source — https://pngtree.com/

အခုတလော internetပေါ်မှာတွေတဲ့ Designတွေကိုကြည့်တဲ့အခါ လိုအပ်ချက်တွေတွေ့လာရတယ်။ ဥပမာ..ဒါလေးကိုနည်းနည်းကြီးလိုက်ရင်ပိုလှမှာ၊ colorသုံးတာ ရှုပ်တယ်.. အစရှိတဲ့ အတွေးမျိုးတွေးမိတယ် ။
အရင်တုန်းကတော့(Junior) ဘယ်ဟာကြည့်ကြည့် perfectဖြစ်တယ်ထင်ခဲ့တာ ၊ အခုပြန်ကြည့်တော့မှ လိုနေတာတွေ ပိုကောင်းအောင်ပြင်လို့ရတာ တွေ့တယ်။
အဲ့ဒီတော့မှ .. “ဪ.. ငါတောင် တချက်ကြည့်တာနဲ့ ဘာလိုတယ်ဆိုတာ သိလာပြီ‌ဆို‌ေတာ့ အတွေ့အကြုံကစကားပြောလာပြီပဲပေါ့လို့”..တွေးမိတယ်။
( ကိုယ်ကိုယ်ကို ဆရာကြီးလို့ပြောတာမဟုတ်ပါဘူး။ အမြဲအသစ်သစ်တွေကိုလေ့လာနေရပြီး..တနေ့ ငါအကုန်သိသလိုလိုခံစားရပြီး၊ နောက်တနေ့ ငါဘာမှမသိသေးပါလားဆိုပြီး… အမြဲတမ်းခံစားနေရတုန်းပါ..ပြီးတော့ Designမှာ ဆရာကြီးဖြစ်နေပြီဆိုတာတော့မရှိပါဘူး)

Junior တုန်းက Seniorတွေကိုအားကျခဲ့ရတာ..ကျနော် “သူတို့ကို အဲ့လိုတချက်ကြည့်တာနဲ့သိအောင် ဘယ်လိုလုပ်ရမလဲလို့ မေးခဲ့ဖူးတယ်”… “နင် ငါတို့ အရွယ် ..အတွေ့အကြုံရလာရင် သိလိမ့်မယ်လို” ဖြေဖူးတယ်။ နောက်ထပ်ဘာလုပ်လိုရလည်းဆိုတော့ Design များများကြည့်၊ များများလေ့ကျင်တဲ့ .. “ဟမ်..ဒါဆိုအချ်န်အကြာကြီး‌ စောင့် ရမှာ‌ပေါ့လို့‌‌ ပြောတော့”…သူတို့ရယ်နေလေရဲ့…အတော်လာတဲ့ ကလေး‌ပေါ့လေ..
အခုတော့ သူတို့ပြောတာ ဟုတ်သားပဲ လို့တွေးမိတယ်။ ပြီးတော့ ဒါလေးကိုလည်း ပြန် Share ချင်တယ်။ juniorတုန်းက ကျနော့အတွေ့အကြုံလေးတွေပေါ့။ အရင်တုန်းအချိန်တွေ ပြန်စဉ်းစားကြည့်တော့လည်း memoriesတွေဆိုတာ တမျိုးမျိုးနဲ့တော့ လှပနေတာပါပဲ။ (ဒါက အတွေ့အကြုံ 7နှစ်ကျော်ကရေးတာပေါ့လေ။ နောက် 10နှစ်ကျော်ရင်ထပ်ရေးပါအုံးမယ်။)
ဒါလေး‌ေတွကို ဖတ်ပြီး အကူအညီတခုခုဖြစ်ပါစေလိုမျော်လင့်မိပါတယ်။ ကျနော့လို ခံစား‌ေနတယ်ဆိုရင်လည်း စိတ်ဓါတ်မကျပါနဲ့ အဲ့လိုခံစားနေရတာ တယောက်တည်းမဟုတ်ပါဘူးလို့…
(အောက်က juniorဘ၀တုန်းကသိချင်ခဲ့တာလေးတွေကို ကျနော့အတွေ့အကြုံပေါ်အခြေခံပြီး ရေးထားပါတယ်။)

01. သူများနဲ့ မနိုင်းယှဉ်ပါနဲ့

Photo by Marten Newhall on Unsplash

ကိုယ့် senior (သို့) internetပေါ်က Designerတွေရဲ့ Designတွေကိုကြည့်ပြီး အားကျပြီး ကိုယ် မဆွဲတတ်၊ မဆွဲနိုင်သေးလို့ စိတ်ဓါတ်မကျပါနဲ့ ။
ငါ အာ့လောက်ဆွဲရောဆွဲတတ်ပါ့မလား??..မဆွဲတတ်ရင်ကော???
ငါပဲ ဒီဖက်မှာ talentမပါလို့လား??? ဆိုပြီး တွေးမိတတ်ကြတာ junior တိုင်းလိုလိုပဲလို့ ကျနော်ထင်ပါတယ်။ (ကျနော်လည်း အဲ့လိုတွေးခဲ့ပါတယ်။)

စိတ်ဓါတ်မကျပါနဲ့ .. သူတို့ အဲ့လို ဆွဲနိုင်ဖို့ အတွေ့အကြုံတွေ ..လုပ်သက်နှစ်တွေ ဘယ်လောက်ရင်နှီးခဲ့ရလဲဆိုတာ ကျနော်တို့မသိနိုင်ပါဘူး။ သေချာတာကတော့ သူတို့လို လုပ်သက်တွေ အတွေ့အကြုံတွေရလာရင် .. သူတို့လိုပဲ လုပ်နိုင်လိမ့်မယ်ဆိုတာပါပဲ။ အခုကျနော်တို့ လုပ်နေတာကိုပဲဆက်လက် စိတ်ပါ၀င်စားပြီးလုပ်နေရင်းနဲ့ ပဲသူတို့လိုဆွဲနိုင်လာပါလိမ့်မယ်။ အားလုံးလိုလိုက အတွေ့အကြုံကနေပဲသင်သွားမှာပါ။ အဲ့တော့ ဒါတွေတွေးပြီး စိတ်မပူပါနဲ့ သူတို့လိုပဲတနေ့ဖြစ်လာမှာပါ။
ကိုယ်လုပ်နေတာကိုပဲ ဆက်လုပ်နေပါ..

02. စိတ်အားမငယ်ပါနဲ့

Photo by Nik Shuliahin on Unsplash

Company တခုမှာ Seniorနဲ့ juniorရှိရင် Seniorကပဲမျက်နှာပွင့် Contactရ, freelanceရ, outside project‌ ‌‌ေတွရ ကြတာသဘာ၀ပါ။ အဲ့ဒီအခါ သူတို့က ငါ့ကျတော့ အလေးမထားဘူး.. ငါမတော်လို့အဲ့လိုဆက်ဆံတာလား..ဘာလား..?? အဲ့လိုမျိုးတွေးမိတတ်ပါတယ်။ တခြားဖက်က ကြည့်ကြည့်ပါ။ တကယ်တော့ seniorရှိရင် ကိစတွေကို seniorတွေနဲ့ deal/ Discuss လုပ်ရတာပိုလွယ်.. ပိုအဆင်ပြေလို့ပါ။ သူတို့ကအတွေ့အကြုံပိုရှိတော့ အစလေးပြောပြလိုက်တာနဲ့ ဘယ်လိုဆိုတန်းမြင်ပါတယ်(ဘာလိုချင်တယ်ဆိုတာ…သဘောပေါက်လွယ်တယ်ပေါ့။) ဒါ့ကြောင့် ငါ့ကိုအဖက်မလုပ်ဘူး ဆိုပြီး အားမငယ်ပါနဲ့ ..အချိန်မတန်သေးလို့ပါ။ ပြီးတော့ အလုပ်သဘာ၀မို့လို့ပါ။

03. Magic eyeကို ကျနော်တို့လည်းရနိုင်ပါတယ်

Photo by Harry Quan on Unsplash

Senior‌တွေ Designဆွဲတာပဲဖြစ်ဖြစ်…သူများDesignကို ဝေဖန် အကြုံပြုတာပဲဖြစ်ဖြစ်..သေချာအချက်အလက်နဲ့ ပြောသွားလိုက်တာ အရမ်းမိုက်တာပဲ။ ငါကျတော့ ဘာမှမမြင်ဘူး… ငါ Designဆွဲရင်လည်း တခုတခုအမြဲလိုနေတယ် .. Senior ကိုပြကြည့်တဲ့အခါ သူထောက်ပြသွားတာတွေကို ပြင်လိုက်တော့ပို‌ေကာင်းသွားတယ်။ “ငါ့မှာအာ့လိုမျက်စိလေးရှိချင်လိုက်တာ” ..ငါ့မှာ အာ့လို့ မျက်စိရောရှိရောရှိပါ့မလား???

ဒါတွေလည်းမပူပါနဲ့ .. သူတို့ရဲ့လုပ်သက်ရယ် သူတို့လို နှစ်တွေဖြတ်သန်းပြီးလို့ရှိရင် ကိုယ်စိတ်၀င်စားတာကိုပဲ တစိုက်မတ်မတ်လုပ်ရင် ဘယ်သူမဆို အဲ့လို magic eyesရှိနိုင်ပါတယ်.. အတွေ့အကြုံရယ် လုပ်သက်ရယ်များလာတဲ့အခါ Talentမရှိတဲ့ သူတွေတောင်မှအဲ့လို Magic eyeရနိုင်ပါတယ်။ Designအလုပ်လုပ်တိုင်း Talentရှိမှရမယ်လိုဘယ်သူမှမပြောထားပါဘူး။ အဓိကက ကိုယ် စိတ်၀င်စားပြီး ဝါသနာပါရင်ရပါပြီ။
အခုလက်ရှိ Designerအလုပ်လုပ်နေတဲ့သူတွေထဲမှာလည်း Talentပါတဲ့ သူဆိုတာ 100 ပုံ,ပုံရင် 10ပုံတောင်ရှိပါ့မလား…တွေကြည့်ပါ။ practise make perfectပါ။

04. ကိုယ့်ကိုယ်ကိုအားကိုးပါ

Photo by Thought Catalog on Unsplash

ကျနော် juniorတုန်းက အလုပ်၀င်ရင် အလုပ်က Seniorဆီကနေသင်မယ် လို့‌ေတွးဖူးပါတယ် ။ တကယ်တမ်းတော့ ကျနော့ အလုပ်လုပ်တဲ့ သက်တမ်းတလျောက် UI/UX Designerကို အများသောအားဖြင့် companyတခုမှာ 1ယောက်ပဲထားကြတာများပါတယ်။

အဲ့တော့ senior ဆီကနေသင်မယ်ဆိုတာ သိပ်တော့မဖြစ်နိုင်ပါဘူး။ ပြီးတော့ seniorရှိရင်တောင် သူတို့ကသင်ပေးတယ်ပဲထား Designဆိုတာမျိုးက ပုံသေမရှိတဲ့အတွက် ဒါတွေကိုသင်လို့မရပါဘူး။ ကိုယ်တိုင် လေ့လာမှရမှာပါ။ အာ့တော့ “ဒီမှာငါ့ကိုသင်ပေးမယ့် seniorမရှိဘူး.. ပညာမရဘူး” ဆိုပြီးမထင်ပါနဲ့ ကိုယ်ကိုကိုယ်အားကိုးတတ်ဖို့စသင်ပေးနေတယ်လို့သဘောထားပြီး ဆက်လုပ်ပါ။ ကိုယ်တိုင်အစအဆုံးလုပ်ရတဲ့အခါ ပိုပညာရပါတယ်။ ပိုတတ်တာမြန်ပါတယ်။

Seniorရှိရင်လည်း မသင်ပေးချင်တဲ့Seniorဆိုရင် သူတို့အလုပ်ကို သူများပညာရမှာဆိုးလို့မပြချင်တဲ့ သူတွေလည်းတွေ့ဖူးပါတယ်။
(Design အလုပ်ဆိုတာ ပင်လယ်ရေပါ ..ဘယ်သူသောက်သောက် ကုန်သွားတယ်လိုမရှိတာကို သူတို့မသိကြသေးလို့ လို့ပဲထင်ပါတယ်။ သူတို့ Designကိုတုပလုပ်ရင် copyပဲဖြစ်မှာပါ။ ရေရှည်မှာ copyဆိုတာမျိုးက Designလောကမှာ အလုပ်မဖြစ်ပါဘူး။)
အာ့လို seniorမျိုးရှိတာထက်စာရင် မရှိတာကပိုကောင်းပါတယ်နော့။

05. သင်တန်းတတ်စရာမလိုပါဘူး။ Certificate အများကြီးမလိုပါဘူး

Photo by Kon Karampelas on Unsplash

အလုပ်မှာတခုခုလိုတိုင်း သင်တန်းရှာစရာ၊ သွားတတ်စရာ မလိုပါဘူး။ onlineက‌နေရှာ ၊ onlineကနေတတ်လို့ရပါတယ်။ ပြီးတော့ ကျနော်တို့အခုလုပ်နေတာတွေက အပြင်သင်တန်းတွေ ရှားပါတယ်။ ရှိရင်လည်း ကျနော်တို့သင်တန်းကနေ တတ်ချင်တာ၊သင်ချင်တာ အတိအကျရမယ်လို့ ဘယ်သူကမှအာမ’မခံပါဘူး။ ပြီးတော့ internetပေါ်မှာရှိတာတွေက တချို့သွားတတ်ရတဲ့ အပြင်သင်တန်းတွေထက် ပိုကောင်းပါတယ်။ အလကားလည်းရတယ် ၊ ပိုက်ဆံပေးရတဲ့ course ဆိုရင်လည်း သူတို့သင်ပေးတာနဲ့ ပေးရတာအများကြီးတန်ပါတယ်။ အာ့လို internetပေါ်က သင်ခြင်းအားဖြင့် ကိုယ်တိုင် self-taught ဖြစ်စေတဲ့အတွက် ဘယ်အရာလာလာ ကိုယ့်ဘာသာ သင်ယူလေ့လာရုံပါပဲ။ self-taught ရဲ့ benefitsတွေကအများကြီးပါပဲ။ အဓိကကတော့ အခုလို internet‌ တွေရ‌ေနတဲ့ ခေတ်မှာ ဘယ်အရာမဆို အမြဲတမ်းလေ့လာနေလို့ရတယ်။ သင်ချင်တာတွေ ၊ သိချင်တာတွေအတွက်..googlingသာလုပ်လိုက်ပါ။ ကိုယ်လိုချင်တဲ့ အဖြေပုံစံ မရမချင် ဆက်လက်ရှာဖွေ ဖတ်ပါ။ ကျနော်တို့အလုပ်က အမြဲအသစ်တွေပေါ်နေတဲ့အတွက် အသစ်‌ကိုလေ့လာဖို့ self-taught ကိုလေ့ကျင့်ထားရင်ပိုအဆင်ပြေပါတယ်။
အထင်ကြီးလောက်တဲ့ သင်တန်းက Certificate ရမှ ဖြစ်မယ်လို့မထင်ပါနဲ့ .(အနည်းအကျည်း အထောက်အကူတော့ဖြစ်ပါလိမ့်မယ်)။ ဒါပေမယ့် Designer မှာအရေးကြီးတာက portfolioပါ..။ Portfolio ကောင်းရင် တခြားနာမည်ကြီး certificateတွေကိုယှဉ်နိုင်ပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာက အဓိကက ဒီအလုပ်ကို ကိုယ်ဝါသနာပါတာသေချာရင်
- ဆက်လုပ်ပါ။ ဆက်လေ့လာနေပါ။
- အမြဲတမ်းသိချင်..တတ်ချင်နေစိတ် ရှိပါ။
- အသစ်တွေက်ု စမ်းသပ်ကြည့်ရမှာလည်း exciting ဖြစ်ပါ။
- self-taught ‌ဖြစ်အောင်ကြိုးစားပါ။
- ကိုယ်ကိုယ်ကို confidenceပိုရှိပါ။
- ကိုယ့်အလုပ်ကို ဂုဏ်ယူပါ။

7နှစ်တာ ကျနော် သင်ယူလေ့လာခဲ့ရတာကတော့
“အရာတိုင်းကိုသင်ယူလို့ရပါတယ်။ လေ့ကျင့်မှု့ကနေ ကျွမ်းကျင်မှုကိုရနိုင်ပါတယ်။” ဆိုတာပါပဲ

Article လေးကတော့ ဒီမှာပြီးပါပြီ။
မရှင်းတာရှိရင်လည်း comment ပေးခဲ့လို့ရပြီး နောက်တောင်းဆိုချင်တဲ့ Articleအကြောင်းအရာများရှိရင်လည်း ဒီ form လေးမှာမေးခဲ့လို့ရပါတယ်။ ကျနော်လည်းလေ့လာသင်ယူဆဲမို့ ကျန်ခဲ့တာ၊ အမှားပါရင်ရှိရင် ထောက်ပြပေးပါ။
ဒါဆို နောက်တပါတ် ကျနော့ Medium က Article လေးမှာ ပြန်တွေ့ကြပါမယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ။

My Previous Article

--

--