Website or App (digital product) မှာရှိတတ်တဲ့ Dark Patternsများကြောင်း

Poe Ei Phyu
UI/ UX Sharing
Published in
6 min readFeb 13, 2020

Dark Patterns တွေကို UI/UX Designerတွေသာမက internet အသုံးပြုသူတိုင်းပါသိထားသင့်ပါတယ်။ ‌ ဒါမှနောက်တခါ Internet ပေါ်မှာ ကိုယ့် informationကို အလွယ်တကူ ပေးသင့်၊ မပေးသင့် နဲ့ ကိုယ်သဘောတူလို့ Accept ပေးလိုက်တာတွေကလည်း အန္တရာယ် ရှိကြောင်း သတိထားနိုင်အောင်ပါ။ အ၀င်လွယ်ပေမယ့် အထွက်ခက်ပါတယ်။ (Trickတွေဆိုတာ နေရာတိုင်းမှာရှိနိုင်ပါတယ်၊ internetပေါမှာဆို ပိုပြီးများပါတယ်)။

ကျနော် Dark Patternsဆိုတာကို သိ‌‌ေနတာကြာပါပြီ၊ ဒါပေမယ့် သူများနားလည်အောင်သိပ်မရှင်းပြတတ်ပါဘူး ။

ကျနော် ကြားဖူးတာရှိတယ် “ တခုခုကိုနားလည်တယ်ဆိုရင် သူများနားလည်အောင်ပြန်ရှင်းပြနိုင်မှ တကယ်နားလည်းတာ” ဆိုတော့ ကျနော် သိပ်နားမလည်သေးလို့ပဲ ဆိုပြီး ထပ်လေ့လာဖြစ်ပါတယ် ။ကျနော ဖတ်ထားတာတွေနဲ့ကော အတွေ့အကြုံအရ နားလည်လွယ်အောင်ပဲရေးလိုက်ပါတယ်။

Dark Patterns ဆိုတာ Website or app ကနေတဆင့် Userတွေကို Tricks (လှည့်ကွက်/လှည့်စား)လုပ်တဲ့ အရာတွေကိုခေါ်တာပါ။

Dark Patternsဆိုတဲ့ စကားလုံး (အခေါ် အဝေါ်)ကို လန်ဒန်အခြေစိုက် UX Designerဖြစ်တဲ့ Harry Bringnull က 2010 August မှာ စတင် တီထွင်ခဲ့တာပါ။ darkpatterns.org ဆိုတဲ့ website ကိုလည်းထောင်ထားပါတယ်။

Dark Patternsကို သုံးခြင်းအားဖြင့် Companyကို ဘယ်လို အကျိုးအမြတ်ရစေလဲဆိုတော့ ….. Dark Patternsတွေကိုကြည့်ရင် အများသောအားဖြင့် paymentတွေ ၊ အကောင့်တွေ၊ ကြေညာထားတဲ့ app ကို downloadဖို့ Download Buttonအမှားတွေပေးထားတာတွေ၊ News Letter Subscription လုပ်တာတွေမှာ သုံးတဲ့အတွက် companyအတွက် အကျိုးအမြတ်များပါတယ်။
- Cardတွေကို ဖျက်ခွငိ့မပေးဘဲ trickလုပ်ထားရင် သူတို့ productဆီမှာ ပိုသုံးဖို့၊ ပို၀ယ်ဖို့အလားအလာများပါတယ်။
- သူတို့ဆီမှာရှိတဲ့ အကောင့်ကို ဖျက်ဖို့ မလွယ်အောင်လုပ်ထားတဲ့အတွက် လုံ၀မသုံးတော့တာထက်စာရင် ပြန်သုံးဖို့ ရာခိုင်နှုန်းများပါတယ်။
- News Letterတွေကို unsubscribeလုပ်ဖို့မလွယ်တဲ့အတွက် တခြား ပုံစံနဲ့ News Letter email တွေပို့ပြီး ဆွဲဆောင်နိုင်ပါသေးတယ်။
- ကြေညာထားတဲ့ Appကို downloadမှားမှားချတဲ့အတွက် downloadလုပ်တဲ့အကြိမ်ရေများပြီး ‌ကြေညာခရပါတယ်။

Dark Patternsအမျိုးမျိုးရှိပါတယ်။ ဟိုးးးးသေးသေးလေးကနေပြီး အကြီးကြီးတွေအထိရှိပါတယ်။အခုဖော်ပြပေးထားတာတွေကတော့ အတွေ့များတဲ့ ၊ အသုံးများတဲ့ dark Patternsတွေပါ။

ဘယ်လိုမျိုးတွေလဲဆိုတော့
- userလုပ်ချင်တာကတမျိုး တကယ်လုပ်ပေးလိုက်တာက တမျိုး
- အ၀င်လွယ်ပြီး ပြန်ထွက်ဖို့ တံခါးပျောက်နေသလိုမျိုး
- ဈေး၀ယ်ရင် အကောင်းတွေပြပြီး ‌မကောင်းတာတွေထည့်ပေးလိုက်တာလိုမျိုး(ဘဲဥတွေပြပြီး ကြက်ဥတွေထည့်ပေးလိုက်တာမျိုး)
- ဝင်္ကပါ လိုမျိုး
- ကိုယ်လုပ်ချင်တာက တခုပဲလုပ်ချင်တာ ဒါပေမယ် website or app တွေက အများကြီး လုပ်သွားတာတွေ….. ကိုပြောတာပါ။ဒါကတော့ တခါတည်းမြင်အောင်အတိုချုံးပြောလိုက်တာပါ။ အောက်မှာ ဘယ်လိုတွေ Ticks လုပ်လဲဆိုတာ ရှင်းပြထားပါတယ်။

Source .. Google
  1. အ၀င်ပဲလွယ်ပြီး အထွက်ခက်တယ်ဆိုတာကို မြင်အောင် ဥပမာပေးရရင် e-commerce websiteတွေမှာ ဈေး၀ယ်တဲ့အခါ Cash on delivery မဟုတ်ဘဲ onlineက‌နေပဲ ကိုယ့် cardနဲ့ပေးမယ်ဆိုရင် ကိုယ့်card ရဲ့ informationရိုက်ထည့်ရပါတယ်၊ card numberရယ် expired dateရယ် CVV codeရယ်ပါ၊ အဲ့ဒီအချိန်မှာ e-commerce websiteက ဒီcard နဲ့ ဒီတခါပဲပေးမလား?? နောက်တခါအတွက် card ကို saveမလား?? မေးကြတာများပါတယ် ။ အဲ့ဒီအချိန်မှာ “အော်နောက်တခါ card informationတွေပေးရတာအလုပ်ရှုပ်ပါတယ်ဆိုပြီး cardကို saveထားလိုက်မိပြီဆိုပါတော့”. Cardကို saveလိုက်တာတော့ လွယ်လွယ်လေးနဲ့လုပ်နိုင်ပေမယ့် မသုံးချင်တော့လို့ ကိုယ့်card ကို ဒီ e-commerce websiteမှာ ပြန် ဖြတ်ချင်ရင်ကျတော့ cardကို ဘယ်မှာ removeလုပ်ရမှန်းမသိ ၊ ဘယ် navigation‌ေအာက်မှာမှရှာမ‌ေတွ့ ၊ လမ်းပျောက်နေတာမျိုးတွေပါ။
    အာ့လိုလမ်းပျောက်အောင်လည်း website or app တွေကတမင်၀ှက်ထားပြီးအလွယ်တကူ ပြန်မထွက်နိုင်အောင် လုပ်ထားတာပါ။ ပြီးတော့ ကျနော် Dark Patternsတွေကိုလေ့လာတဲ့အခါမှာ လူတော်တော်များများက(International) အရမ်းသိသာတဲ့ Dark Patternsတခုကို ဥပမာပေးကြပါတယ် ။
    အာ့ဒါကတော့ Amazon.com က Account Deleteလုပ်တဲ့ ကိစ္စပါ။
    သူက ဘယ်လိုလည်းဆိုတော့ အပေါ်က ရေးထားတဲ့အတိုင်း Amazon accountဖွင့်ဖို့ အတွက်ကျအရမ်းလွယ်ပြီး Account Delete လုပ်ဖို့အတွက်ကျတော့ လုံ:၀ဝင်္ကပါအတိုင်းသေချာရှာ ၊ အဆင့်ဆင်ဖြတ်ပြီးလုပ်ရပါတယ်
    ဥပမာ- ကျနော်တို့ social or Accountတခုကို deleteလုပ်ချင်ရင် app or websiteတခရဲ setting or Security and privateကို သွားလေ့ရှိပါတယ် ။ common sense,အရရော၊ app or websiteသံုးတဲ့ အတွေ့အကြုံအရကော အဲ့လိုအောက်တွေမှာပဲ ရှိမယ်ဆိုတာ သိလို့ပါ ။ ဒါပေမယ့် Amazonကတော့ အဲ့ဒါတွေ(Account Delete)ကို ဟိုးးးးးအောက်ဆုံးက footerရဲ့ Helpအောက်မှာ အဆင့်ဆင့်ကိုဝှက်ထားတယ် ။ နောက်ဆုံး(တော်တော်ခက်ခက်ခဲခဲရှာထားရတဲ့) Account Deleteလုပ်ဖို့တွေ့ပြန်တော့လည်း ကိုယ်တိုင်လုပ်လို့မရပြန်ပါဘူး။ သူတို့ကို ဘာလို့ account ဖျက်မှာလဲဆိုတဲ့ အကြောင်းပြချက်ကိုရေးပြီး‌ပို့မှ သူတို့ဖက် က အကြောင်းပြချက်ကိုကြည့်ပြီးမှ ဖျက်ပေးတာပါ။
    အောက်မှာ Amazonရဲ့ accountကို deleteလုပ်ဖို့ အဆင်ဆင့်ကိုပြထားပေးတာပါ။ videoလေးကို ကြည့်ရင်ကျနော်ပြောတာကို ပိုနားလည်မှာပါ။

2. Internetကနေ ငွေလွဲတာပဲဖြစ်ဖြစ်၊ online shopping ကနေ ပစ်စည်း၀ယ်တာပဲဖြစ်ဖြစ် fees တွေကို ဝှက်ထားတာ၊ user တွေသိပ်မမြင်‌ေအာင်လို့ တမင် သေးသေးလေးလုပ်ထားတာ တွေကလည်း dark Patternsထဲမှာပါပါတယ် ။ (userတွေကို ပြသင့်တာ( ၀ယ်တုန်းကတော့)မပြဘဲနောက်ဆုံးပေးခါနီးမှ ပေးရမှာတွေများနေတာတွေ)

3. နောက်တခုက ကျနော်တို့ website or Appတွေမှာ course တွေ၊ ပြီးတော့software တွေကို monthly subscription ကြေးပေးပြီးသုံးလို့ရတဲ့ website or appတွေမှာတွေရလေ့ရှိတဲ့ အရာတွေပါ။ ဘယ်လိုလဲဆိုတော့ တချို့ website or appတွေမှာ 30 Free Trials/ free download တို့ ဘာတို့ပြထားပြီးတော့ သုံးကြည့်ဖို့ Accountဖွင့်ရင် card informationပါ တခါတည်းဖြည့်ခိုင်းတာ(မဖြည့်ရင် Accountဖွင့်လို့မရဘူး) တကယ်လို့ card informationြဖည့်လိုက်တယ်ဆိုရင် trialရက် 30 ပြည့်တာနဲ့ နောက်လအတွက် သတိပေးခြင်းမရှဘဲ cardထဲကနေစဖြတ်ပါပြီ။
တချို့တွေးတာက Free Trail ရက် 30 မတိုင်ခင် cardကို ပြန်ဖျက်မယ်၊ Subscription Cancel လုပ်မယ်ပေါ့။ (ကျနော်လည်း အာ့လိုတွေးဖူးပါတယ်) ။ သူတို့လည်း (website or appလုပ်တဲ့ သူတွေ) user တွေက ဒီလိုလုပ်မယ်ဆိုတာ တွေးပြီးသားပါ၊ ဒါကြောင့် လွယ်လွယ်ကူကူ ရှာမတွေ့အောင် မထင်မှတ်တဲ့နေရာ‌ေတွမှာ ဝှတ်ထားပြီးသားပါ။ (ဘယ်လောက်ခက်လဲ ဆိုရင် ကိုယ်သုံးတဲ့ website or appက နာမည်ကြီးမဟုတ်ရင် Googleမှာရှာတာတောင် တွေ့နိုင်ဖို့ခက်ပါတယ်၊အာ့ဒါကြောင့် ဘယ်တော့မှ လွယ်လွယ်ကူကူပြန်ဖျက်လို့မရပါဘူး။ ဒါကလည်း Dark Patternsတမျိုးပါ ။

မြင်သာအောင်ပုံလေးတွေထပ်ထည့်‌ေပးပါမယ် ။ အခုတော့ သေချာရှာကြည့်တာတောင် ပျောက်နေလို့ပါ။

4. လူသိများလောက်မယ့် Free Downloadတွေပါ။

Free Downloadကအမျိုးမျိုးရှိပါတယ် ။ (Movie, software, Photo, Font, Vector, etc…) အခုခေတ်မှာ လူတိုင်းကြုံဖူးလောက်မယ့် အရာပါ။ movie တွေ downloadလုပ်မယ်ဆိုရင် movie website ကနေ downloadလုပ်လို့ရမယ့် external Link ကိုထပ်သွားရပါတယ် ၊ အဲ့ဒီမှာ Download ခလုပ်တွေက အများကြီး ကိုယ်ထင်တဲ့ ခလုပ်ကိုနှိပ်လိုက်ရင် download fileကကျတော့ကျလာတယ် ဒါပေမယ် ကိုယ်‌down တဲ့ movieမဟုတ်ဘူး၊ တခြားဟာတွေ ။ Down မယ့် movieရဲ့ တကယ် Linkက သေးသေးလေးတွေ၊ ဟိုးးးးနားမှာဝှတ်ထားတာတွေ၊ (သို့) ဒီ download ခလုပ် ကိုပဲ3ခါလောက်နိပ်မှ movie download linkကျလာတာမျိုးတွေ။
Softwareတွေ free downloadတွေလည်း ဒီလိုမျိုးပဲ downloadချင်တာက တခြား down ပြီးကျလာတာက ကြေညာနေတဲ့ Anti Virus softwareတွေ နဲ့ တခြာဟာတွေ ။ Anti Virus softwareတွေလည်း စက်မှာ သွင်းထားပြီး ပြန်ဖြုတ်ချင်ရင် တော်တော်ခက်ခက်ခဲခဲ ပြန်ဖြုတ်ရတာမျိုးတွေ။

5. By clicking agree with term and condition တွေ။
ဘယ်သူကမှ ဒီစာတွေကို သိပ်မဖတ်တာသိတော့ Ethicsမကောင်းတဲ့ companyတွေက သူတို့ benefitsအတွက်ပဲရေးထားကြတာ။ ဥပမာ — ဒါကို နှိပ်လိုက်ရင် သူတို့ စည်းမျည်းစည်းကမ်းတွေကို သဘောတူပါတယ်ပေါ့။ အာ့ဒီ စည်းကမ်းတွေကို ဘယ်သူမှ သိပ်မဖတ်တာ သိတော့ စည်းမျည်းစည်းကမ်းထဲမှာ … ကိုယ့်အချက်အလက်တွေကိုအခါအားလျော်စွာ အသုံးချခံပါတယ် တို့၊ ကြေညာ emailတွေကိုလည်း လက်ခံယူပါမယ်တို့ … ဘယ် နှစ်လပြည့်မှ ဒီ website or app တွေရဲ့ accountတွေကို ဖျက်လို့ရမယ်တို့…ပါ။

6. Emailတွေကို Unsubscribe လွယ်လွယ်ကူကူ လုပ်လို့မရတဲပုံစံမျိုးတွေ ။ သတင်း၊ Job website or appတွေမှာတော့ Subscribeလုပ်လိုက်တုန်းကတော့ လွယ်လွယ်ကူကူပဲ လုပ်လိုက်တာ ။ နောက်တော့ သူတို့ပို့တဲ့ emailတွေက အရမ်းများလို့ (သို့) ဆက်မဖတ်ချင်တော့လို့ unsubscribe လုပ်ချင်တာကို ဘယ်မှာမှ ရှာမရ လမ်းပျောက်ဖြစ်နေတာမျိုးတွေ။ ဒါမျိုးက Emailမှာကတည်းက unsubscribeလုပ်ချင်ရင်လုပ်လို့ရအာင် ပေးထားရမှာ ။ တချို့ကတော့ Emailမှာ တော့ Unsubscribeပါပါရဲ့ နှိပ်လိုက်တော့ websiteဆီသွားပြီး လမ်းထပ်ပျောက်တာမျိုးတွေ။

7. နောက်တခုက တချို့ Mobile Operatorတွေရဲ့ Appတွေကို phoneထဲမှာ Installလုပ်ပြီးသုံးတဲ့အခါ ကိုယ့်ဆီကို အရင်ကထက် phone call တွေ messageတွေ ပို၀င်လာတာတွေ ။ (user တွေက သိချင်တာရှိလို့ appကိုပဲသံုးတာပါ ၊ သူတို့ message‌ေတွ phone call‌ေတွ ပို့လို့ရတယ်၊ လက်ခံတယ်လို့မပြောမိ၊ မလုပ်မိပါဘူး) ကိုယ် သူတို့ app ကို သုံးတုန်းကတော့ Promotion နဲ့ Data Packageလေးတွေပဲ၀ယ်ဖို့သုံးကြည့်တာပါ။ ဒါပေမယ့် နောက်ဆက်တွဲ ကျနော်တို့မလိုအပ်တဲ့ Messageတွေ Phone Callတွေ ၀င်၀င်လာတာက လည်း Dark Patternsတမျိုးပါ။ ကိုယ် လုပ်ချင်တာက တမျိုး ဖြစ်နေတာကတမျိုး ။ Side effectတွေပိုများနေတာမျိုး။

ဒါမျိုးတွေကို Ethics ထိန်းတဲ့ company‌ေတွနဲ့ ၊ Company Imageထိန်းတဲ့ companyတွေမှာ သုံးလေ့သုံးထ သိပ်မရှိပါဘူး၊ ရှောင်ကြတာများပါတယ်။ ( Userတွေကိုလှည့်စားတာ Trick လုပ်တာတွေက ethicsမညီဘူးဆိုတာ သိလို့ပါ။ ပြီးတော့ ဒါမျိုးက companyရဲ့ imageကိုလည်းထိခိုက်စေပါတယ်။ ) နာမည်ကြီး company တိုင်းလည်း Ethicsကောင်းချင်မှကောင်းမှာပါ၊ Company နာမည်ကြီးတာ၊ မကြီးတာနဲ့ Dark Patterns သုံးတာ မဆိုင်ပါဘူး။ တချို့နာမည်ကြီး Companyတွေလဲ Dark Patterns သုံးပါတယ်။

ကျနော်တို့ Designerတွေအနေနဲ့ကော Dark Patternsတွေကို Designလုပ်သင့်လား???
ကျနော့အဖြေကတော့ မလုပ်သင့်ပါဘူး။

ကျနော်တို့ Designerတွေကလည်း Dark Patterns တွေကို Ethics မကောင်းလို့ တတ်နိုင်သမျှရှောင်ရပါတယ်။ ကိုယ့် imageကိုလည်းထိခိုက်စေပါတယ်။ ကိုယ် designလုပ်ထားတာတွေကိုလည်း Dark Patternsမဖြစ်ရလေအောင် သေချာစစ်ရပါတယ်။ (တခါတလေ မရည်ရွယ်ပဲနဲ့လည်း category‌ေသချာ အဆင့်ဆင့်စီရင်း ကိုယ်တောင်မသိမထားမိဘဲ dark Patternsဖြစ်သွားတတ်တာလည်းရှိပါတယ်။) ပြီးတော့ UX Designer တယောက်ဖြစ်တဲ့အတွက် Userတွေဖက်ကရပ်တည်ပြီး၊ ခက်ခဲနေတဲ့အရာတွေကို အဆင်ပြေချောမွေ့အောင်၊ userတွေဒုကမရောက်အောင် အမြဲကြည့်နေ ၊ လုပ်ပေးနေမှာက ကျနော်တို့ အလုပ်မို့လို့ပါပဲ။

ဒါဆို dark Pattenက ဘယ်လိုလဲဆိုတာကို နားလည်းမယ်လို့ထင်ပါတယ်။ ကိုယ့်ပါတ်၀န်းကျင်က ကိုယ်သုံးနေတဲ့ app or websiteကကော dark Patternsတွေကို သုံးထားတာရှိလား ?? ကိုယ်တွေရော ဘယ်လို တွေ့ကြုံခဲ့ဖူးလဲ?? ဆိုတာကို ကျနော်နဲ့ comments box မှာ မျှဝေသွားလို့ရပါတယ်။

Drak Patternsအကြောင်းတွေကို ဒီထက်ပိုသိချင်ရင်တော့ အောက်ပါလင့်တွေမှာ ဆက်လက်ဖတ်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
Ref: and Links

My Previous Articles

--

--