Designerတွေ ကြည့်သင့်တဲ့ Movie List [Part-1]

Poe Ei Phyu
UI/ UX Sharing
Published in
2 min readApr 9, 2020

မနေ့ကတော့ သင်္ကြန် holidayမှာဖတ်ဖို့ စာအုပ်လေးတွေရေးပြီးတော့ ကျနော့်လိုမျိုး စာအုပ်ထက် Movieကိုပိုအားသန်တဲ့ သူတွေအတွက် Movie list လေးလည်းလုပ်ပေးလိုက်ပါတယ်။ UI/UX Designerအတွက်ပဲမဟုတ်ပါဘူး။ Designerတိုင်းအတွက်ပါ။ အားလပ်ရက်မှာ စာပဲဖတ်ဖတ်၊ Movieပဲကြည့်ကြည့် မိမိနှစ်သက်ရာ လုပ်လို့ရအောင်ပါ။
ကျနော်လည်း internetမှာ ဖတ်သင့်တယ်..ကြည့်သင့်တယ်လို့…ညွှန်းသမျှတွေကို အကုန် မဖတ်ဖြစ်…မကြည့်ဖြစ်..သေးတော့ ၊ တတ်နိုင်သလောက် ဖတ်ပြီး…ကြည့်ပြီး…တာလေးတွေကိုပဲပြန်ညွှန်းတာပါ။ တချို့ကျတော့လည်း ရှာလို့ မရတာကတစ်ကြောင်း…‌ ဈေးကြီးတာကတစ်ကြောင်း မို့လို့ ကြည့်ဖြစ်တာလေးတွေပဲ ပြန်ညွှန်းရတာလည်း ပါပါတယ်။

ဒီနေရာမှာ တခုပြောချင်တာက စာအုပ်ဖတ်တာက Movieြကည့်တာထက်ကိုပိုကောင်းပါတယ်။ ကိုယ်နယ်ပယ်ကိုသေသေချာချာလေ့လာလို့ရပါတယ်။ Movieကတော့ Overallဆန်ပါတယ် ။ UI/UX နယ်ပယ်တခုတည်းကိုပဲရိုက်ထားတာမဟုတ်ဘဲ..နယ်ပယ်အစုံက Design industryတွေနဲ့ Designer တွေကိုရိုက်ပြထားတာပါ။ တခြားDesigner ‌ေတွရဲ့ အလုပ်ကိုကြည့်ရတာ ဗဟုသုတတော့ ရပါတယ်။

စာအုပ်ကတော့ UI , UX , Information Architecture, Usability, Sprint နဲ့ အခြားစတာတွေအတွက် တခုချင်းစီအလိုက် သေချာရှိပါတယ်။ တခုခုကို ပိုပြီးသေသေချာချာသိရတာပေါ့လေ။

အခုဖော်ပြထားတဲ့ Movieတွေကို Netflixမှာ ကြည့်လို့ရပါတယ်။
Fmovies(Free) ပေါ်မှာလည်း အတော်များများရှိမယ်ထင်ပါတယ်။(Tales By Light နဲ့ 100 Humansရှိပါတယ်။ Googleမှာ Fmovies လို့ရိုက်ရှာကြည့်ရင် Linkတွေကျလာမှာပါ။ အဲ့ထဲက တခုခုမှာရှာကြည့်ပါ။ URL ကအမြဲတမ်းပြောင်းနေတဲ့အတွက် URL အသေပေးလို့မရလို့ပါ။ Free ဖြစ်တဲ့အတွက် Ads တွေကတော့များပါတယ်။ iPhone ပေါက်တယ်တို့၊ဘာတို့ဆိုတဲ့ကြေညာတွေလည်း တွေ့မှာပါ… ကျော်သာသွားပါ။ အဲ့ဒါတွေက User တွေကို tricks လုပ်ထားတဲ့ Dark Patternတွေပါ။ (Dark Pattern တွေအကြောင်းကို အောက်ကလင့်မှာဖတ်လို့ရပါတယ်)

1. Abstract: The Art of Design

[Documentary]

နယ်ပယ်အစုံက Designerတွေရဲ့အလုပ်တွေကို episodeတခုမှာ နယ်ပယ်တခုက Designer တယောက်နှုန်းနဲ့ ပြထားတာပါတယ်။ ြကည့်ရတာ အတော်လေးစိတ်၀င်စာဖို့ကောင်းသလို Most Creative Designဆိုတာတွေကရိုးရိုး‌ေလးနဲ့ မိမိတို့ နေစဉ်ထိ‌ေတွ‌ေနတဲ့ အရာတွေကနေပဲ ရနေတယ် ဆိုတောတွေကိုရိုက်ပြထားပါတယ်။

2.Tales By Light — 2

[Documentary]

သူကိုပြောပြရရင်တော့ ကမ္ဘာကျော်တဲ့ ဓါတ်ပုံတွေရဲ့နောက်ကွယ် …ဆိုတဲ့ စကားနဲ့ ပိုလိုက်မယ်ထင်ပါတယ်။ ဓါတ်ပုံတွေထဲမှာ Storyတွေပါပါတယ်။ Abstractလိုပဲ သူလည်း episodeတခုမှာ ဓါတ်ပံုဆရာတ‌စ်‌ေယာက်ရဲ့ photography journey ကိုရိုက်ပြထားတာပါ။ Photographerတယောက်ချင်းစီမှာလည်းမတူညီတဲ့ tasteနဲ့ မတူညီတဲ့ လှပတဲ့ journeyတွေရှိတာကိုကြည့်ရမှာပါ။

3. 100 Humans

[Reality TV Show]

မတူညီတဲ့ backgroundက လူအယောက် 100 ကို စိတ်၀င်စားဖို့ကောင်းတဲ့ Questionတွေ ၊ ခေါင်းစဉ်တွေနဲ့ စမ်းသပ်မှု့ ပြုလုပ်တာကို ပြထားတာပါ။ ရလာတဲ့အဖြေတွေကလည်းအတော်စိတ်၀င်စားဖို့ကောင်းပါတယ်။
UX Designer အနေနဲ့သင်ယူလို့ရတာတွေကတော့ သူတို့ surveyပုံစံတွေနဲ့ groupခွဲတာတွေ၊ ဘယ်လိုမေးခွန်း‌ေမးတာတွေကို လေ့လာလို့ရပါတယ်။
သူတို့စမ်းသပ်တဲ့ စိတ်၀င်စားစရာကောင်းတဲ့ ခေါင်းစဉ်တခုကို ဖော်ပြပေးလိုက်ပါတယ် ။ ဒါကတော့ “ လူတယောက်ရဲ့ ရုပ်ရည်ချောမောမှုက ထောင်ထဲကလွတ်စေလား” ဆိုတာပါ ။ ကိုယ့်ကိုယ်ပြန်မေးကြည့်ပါ။ ဖြစ်နိုင်လား ..ပြီးရင် သူတို့အဖြေနဲ့တိုက်ကြည့်လိုက်ပါ။ လူအများရဲ့ သဘောသဘာ၀ကို တွေရပါလိမ့်မယ်။

အခုတော့ ဒီလောက်ပါပဲ။ ပြီးတော့ ကျနော်သင်္ကြန်တွင်းမှာ Articleတင်ဖို့မရှိပါဘူး။ ကျနော် လည်းလေ့လာစရာတွေရှိသေးလို့ သင်္ကြန်မှာလေ့လာပြီးမှ Articleတွေပြန်တင်မှာပါ။

Article လေးကတော့ ဒီမှာပြီးပါပြီ။
သိချင်တာ၊ မရှင်းတာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ဒါဆို နောက်တပါတ် ကျနော့ Medium က Article လေးမှာ ပြန်တွေ့ကြပါမယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ။

--

--