Law of UX: Jakob’s Law(The use of familiar patterns in design)

Kool San
UI/ UX Sharing
Published in
3 min readJun 10, 2020

UI/UX Designers တွေအနေနဲ့ Human Psychology and Behavior တွေဆိုင်တဲ့ အခြေခံကျတဲ့ UX Laws တွေကို နားလည် အသုံးချဖို့ လိုအပ်ပါတယ်။

ကျနော့ အနေနဲ့ ဒီဆောင်းပါးရေးတဲ့အခါ ကျနောဖတ်ထား သိထားတာတွေကို စာလုံးအနေနဲ့ အသွင်ပြောင်းတဲ့အခါ psychology အပိုင်းတွေပါတဲ့အတွက် တော်တော်ခက်ခဲပါတယ်။ ပြီးတော့ စာဖတ်သူတို့ကို ဒီLaw of UX တွေကိုကျနောတတ်နိုင်သလောက် မျှဝေချင်တာကတကြောင်း……ဒါကြောင့်စာဖတ်သူတို့ အနေနဲ့ စာဖတ်ထောက်နေခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ နားမလည်ရင်comment မှာမေးနိုင်ပါတယ်။

ဒီနေ့ ကျနော် Laws of UX တွေထဲမှာမှ Jakob’s Law အကြောင်းနားလည်သလောက် ရေးမှာကတော့ ….

1)Jakob Law ဆိုတာဘာလဲ?

2) Jakob’s Law ကို ဘယ်သူသတ်မှတ်ခဲ့တာလဲ?

3)ဘယ်လိုအသုံး၀င်တာလဲ? ဘာကြောင့် အရေးကြီးတာလဲ?

4) Jakob’s law ကို ကျနော် ချဥ်းကပ်တဲ့ နည်းလမ်းများ (my way of approach methods to Jakob’s Law)

5) အဓိကမှတ်ယူစရာများ (Key Takeaways)

1) Jakob Law ဆိုတာဘာလဲ?

User တွေဟာ အခြားwebsites တွေအများကြီးမှာ အချိန်တွေဖြန်းလေ့ရှိပြီးကိုယ့်/သင့်ရဲ့ website ကိုလည်း သူတို့ အရင်က သုံးခဲ့ဖူးတဲ့တခြားwebsites အများစုကလို သုံးတဲ့ပုံစံအတိုင်း တူညီနေဖို့ ပိုလိုလားပါတယ်။

ဥပမာအနေနဲ့ဆို…. Google ရဲ့ Sign In နဲ့ တခြားWebsite/App မှာ လိုအပ်လို့ Sign in ဝင်ရမယ်ဆိုရင် Userတွေဟာ Gmail Sign in လိုမျိုး Email နဲ့ Password ဖြည့်ဖို့ပဲ မျှော်လင့်တာပါ။

userတွေအနေနဲ့ Apps/Digital product or service တွေကို သုံးတဲ့ အခါ….. UI and Design patterns တွေကို မြင်ဖူးတဲ့ပုံစံ ဖြစ်ဖို့ မျှော်လင့်ကြတယ်။ ဥမမာ အနေနဲ့ ဘယ်လိုမျိုးလဲဆိုတော့ ……

  • ဘယ်လိုသုံးရမယ်။ ဘယ်လို interact လုပ်ရမယ်။
  • ဘယ်ကနေ …ဘယ်လိုသွား….ဘယ်မှာရှာ…. navigate လုပ်ရတာကအစ ချက်ချင်း သိနေတာမျိုးပါ။

2) Jakob’s Law ကို ဘယ်သူသတ်မှတ်ခဲ့တာလဲ?

Jakob Nielsen (NN/g Nielsen Norman Group) က ဒီ Jakob’s law ဟာ……. မြင်ဖူးနေကျ userနဲ့ အကျွမ်းတဝင်ရှိတဲ့ UI / Design Pattens ဟာ User ရဲ့ User Experiences ကို. နားလည်မှု လွယ်ကူမှု ရှိစေတယ်လို့ သတ်မှတ်ထားတာပါ။

Read more about Jakob Nielsen? Click Here

3) ဘယ်လိုအသုံး၀င်တာလဲ? ဘာကြောင့် အရေးကြီးတာလဲ?

ဘယ်လိုအသုံး၀င်တာလဲ?, ဘာကြောင့် အရေးကြီးတာလဲ?ဆိုတာကို….

Mental Energy & Cognitive load

Ul(user interface) အတွက် သုံးရတဲ့ Mental energy နည်းလေလေ

User ဟာ သူတို့ ရဲ့ user goals, objectivesတွေကို ပြီးမြောက်ဖို့

ပိုအားစိုက်နိုင်လေလေပါပဲ။

Recognition is better than recall.

UI တစ်ခုကို ဘာလဲဆိုတာ စဉ်းစားစရာ မလို ချက်ချင်းတန်းသိ မှတ်မိနေတာနဲ့ ….

ဘာလဲ ဆိုတာ…. မှတ်မိဖို့ နေနေသာသာ…. သိဖို့တောင် Recall လုပ်ခေါ်နေတာ mental energy ပိုသုံးရသလို ခေါင်းထဲမှာ Cognitive load ကို ဆွဲရတဲ့ အချိန်က ပိုကြာပါတယ်။

နောက်ဆုံး user က ကိုယ့်website/app ကနေ ထွက်သွားပြီး တခြားပို UX ကောင်းတဲ့ Appကို ရွေးစရာရှိရင်ပြောင်းသုံးမှာပါ။

ဥပမာပေးရမယ်ဆို…

လူတစ်ယောက်ကိုနာမည်ပဲကြားကြား…. မြင်ပဲ မြင်မြင် နဲ့ မှတ်မိနေတာနဲ့ …..

တခါတလေ လူကိုသိတယ်….. နာမည်မမှတ်မိဘူး။

နာမည်ကိုသိတယ်…. လူကို မျက်စိထဲပုံဖော်လို့မရဘူး။

ဒီလိုအခြေအနေဟာ Recall လုပ်ရတဲ့ အနေထားတွေပါ။

ကိုယ့်ရဲ့ App/ Products/ Service ကိုသုံးတဲ့ User Tasks and Goals တွေကို ပြီးမြောက်ဖို့ တတ်နိုင်သမျှ လွယ် ရှင်း မြန် ထိရောက်…………………Userအားစိုက်မှု အသက်သာဆုံးဖြစ်အောင် လုပ်ပေးရမှာ ကျနော်တို့ UI/UX Designers ရဲ့ သမိုင်းပေးတာဝန်ပါ။

ဒီအပေါ်ကအကြောင်းတွေကိုဖတ်ပြီးနောက် ဆောင်းပါးဖတ်သူတွေအနေနဲ့ Jakob’s law ဘာလို့ အသုံး၀င် အရေးကြီးတာဆိုတာ နားလည်နိုင်မယ်လို့ ယူဆမိပါတယ်။

4) My way of approach method to Jakob’s Law

ဒီ Jakob’s law ကို ကျနော်ချဉ်းကပ်တဲ့ နည်းလမ်းတွေကို ကတော့(Usability testing အတွက်လည်းသုံးနိုင်)….

  • ကိုယ့် app or websiteကို ဘာလုပ်လုပ် ကိုယ့်productနဲ့ တူတဲ့ Appရဲ့ Familiarity… user တွေ့ဖူးနေကျ အနေထားတစ်ခု(UI or Design Patterns) ကိုဖန်တီးတယ်။

ဥပမာ Booking လုပ်မယ်ဆိုရင် ကိုယ့် App ရဲ့ Booking လုပ်တဲ့ process နဲ့ အခြား App မှာ Booking လုပ်ရတဲ့ process က အနည်းဆုံး အလားသဏ္ဌန် တူနေရပါမယ်။

နောက်တစ်ဆင့်အနေနဲ့ ဒီအလားသဏ္ဌန်တူမှုကို အခြေခံပြီး User က ကိုယ့် product သုံးပြီး Benefit ပိုရတာလား user journey က ပိုကောင်းနေတာလား userရဲ့စိတ်ကျေနပ်မှုက ပိုသာတာလား စိတ်ကျေနပ်မှု မရှိတာလား ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

  • User နေရာကနေ Empathy လေးဖြည့်ပြီး Imagining user တစ်ယောက်အနေနဲ့ User’sEye ကနေကြည့်တယ်။

ဒီနေရာမှာ Userကို တစ်ယောက်ထဲနေရာကိုပဲ မခံစားကြည့်ဘဲ အနည်းဆုံးသုံးနေရာလောက်က ခံစားပေးပါ။

ဘာဖြစ်လို့လဲဆိုတော့ User Goal တွေတူပေမဲ့ Targeted User Groupက အုပ်စုတစ်ခုထဲမှာ User Type က အမျိုးမျိုး ရှိနေနိုင်လို့ပါ။

ဥပမာ….. Education level တွေ Knowledge level တွေ Lifestyles တွေ Age Ranges တွေ အရှိသဖြင့် User Backgroundက အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။

User Background မမြင့်တဲ့ လူကဘယ်လိုသုံးမလဲ? သူသုံးနိုင်အောင်ဘာလုပ်ပေးရမလဲ။

User Background အလယ်အလတ်သမား ကရော ဘယ်လို interact လုပ်မလဲ?

User Background မြင့်တဲ့ user တွေကရော ဘာတွေထပ်ပြီးလိုချင်မလဲ?

  • သူများ or ကိုယ့်targeted user groupနဲ့တူတဲ့လူတွေကို UI ပြကြည့်ပြီး မေးပါ။ သူတို့ရဲ့ အမြင်စကားပြောကြည့် ဘယ်လိုမြင်လဲခံစားရလဲ ဘာမကြိုက်ဘူးလဲ။ ဘာကြိုက်လဲ။ ဘာတွေထပ်လိုချင်လဲ။
  • သူတို့ကိုယ့်App/product ကို ဘယ်လို သုံးလဲဆိုတာ ကို Observe စောင့်ကြည့်လေ့လာပါ။
  • ဘာပဲဖြစ်ဖြစ် အကြောင်းရင်းကို သေချာနားထောင်ပြီးမှ ဘက်စုံထောင့်စုံက ပြန်သုံးသပ် ပြီး ဆုံးဖြတ်ချက်ချပါ။
  • လက်မခံတဲ့စိတ်(Close-minded attitude) နဲ့ဘယ်တော့မှ နားမထောင်ပါနဲ့ ။ ဘာပဲဖြစ်ဖြစ် ငါသူ့နေရာကနေ(user’s shoe) နားလည်အောင် နားလည်မှုပေးမယ်ဆိုတဲ့ အပြောင်းအလဲကို လက်ခံတဲ့စိတ် (Open-minded Attitude) နဲ့ နားထောင်ပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ job title & career ကိုက User Experience & Interface (User ပေါ်ကိုအဓိကအခြေခံထားတဲ့) job & career ဖြစ်နေလို့ပါ။

နောက် User Goals နဲ့ Business Goals ကို Balance လုပ်ရတဲ့အချိန်မှာ … အမြဲတမ်း Win-Win Solution ကို စဉ်းစားပါ။

5)အဓိကမှတ်ယူစရာများ (Key Takeaways)

  • User တွေဟာ သူတို့တွေ့ဖူးနေကျ သုံးဖူးနေတဲ့ App/product လို Appတွေအားလုံးဟာ ဆင်တူဖို့ လိုလားပါတယ်။
  • Designer’s mental model နဲ့ User’s mental model ဟာ align ညီနေရင် Good User Experience တစ်ခုကို ရောက်နိုင်ချေတော်တော်များပါတယ်။ (Good User Experience ဆိုတာ userတွေရဲ့ ကိုယ့် Appကိုသုံးတဲ့အခါရတဲ့ စိတ်ကျေနပ်မှုရှိတာကို ဆိုလိုတာပါ။)
  • လက်ရှိသုံးနေတဲ့ User’s Mental model နဲ့ ကိုယ့် Appကို ပိုအရှိန်တင်လိုက်ပြီး Higher User Experience ဖန်တီးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ User က သူလုပ်ရမယ့် User Tasks တွေ goals တွေကိုပဲ အာရုံစိုက်စရာရှိလို့ပါ။ …………( ဒီ Appကို ဘယ်လိုသုံးရမလဲဆိုတာ စဉ်းစား သင်ယူစရာမလိုတဲ့အတွက်) (Higher User Experience ဆိုတာက Userတွေက ကိုယ့် Appသုံးတာ စိတ်ကျေနပ်မှု ရှိတဲ့အပြင် သူများကို ပြန်ပြောပြတာမျိုး သုံးဖို့တိုက်တွန်းတာမျိုး ဒီကိစ္စအတွက်ဆို ကိုယ့် Appတစ်ခုတည်းကိုပဲသုံးတာမျိုး)

အခုလောက်ဆိုရင်တော့ စာဖတ်သူတို့(UI/UX Designers)တွေ Jakob’s Law ကို အတိုင်းတာတစ်ခုထိ နားလည်မယ်လို့ …… မှန်းဆရင်း နိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။ လက်မကြာမကြာဆေးကြပါရန်…. Stay Safe!!!

Follow me Kool San to keep up with my other articles.

Reference: https://uxdesign.cc/laws-of-ux-and-examples-part-1-53128d3e824a

https://www.nngroup.com/videos/jakobs-law-internet-ux/

--

--

Kool San
UI/ UX Sharing

A passionate UX Designer, and I will share some articles about UX & UI Design. Sometimes I take photos and drink coffee.