UI/UX Designer တစ်ယောက်အနေနဲ့ “ဘာ”ဆက်လေ့လာရမလဲ မသိတော့ရင်…

Poe Ei Phyu
UI/ UX Sharing
Published in
3 min readSep 23, 2020

‘ဘာဆက်လုပ်ရမှန်း ၊ ဘာဆက်‌ေလ့လာရမှန်းမသိတဲ့ စိတ်’ ဒါပေမယ့် လေ့လာစရာ မလိုအောင် အကုန်သိနေတာလဲမဟုတ်…

အခုကျနော် sharingလုပ်‌ေပးချင်တာကတော့ ကျနော်တို့ Designer တွေခဏခဏ ခံစားတတ်တဲ့ ‘ဘာကိုဆက်လေ့လာရတော့မှန်း၊ ဘာဆက်လုပ်ရမှန်းမသေချာတဲ့ အချိန်တွေကို’ ဘယ်လိုဖြေရှင်းမလဲဆိုတာ ဖော်ပြပေးသွားမှာပါ။

အရင်ဆုံး ကျနော်စာရေးကျဲသွားတဲ့အတွက် တောင်းပန်ချင်ပါတယ်။ ကျနော် အများကြီးရေးစရာရှိပေမယ့် အလုပ်များလို့ အချိန်မရတာကတစ်ကြောင်း၊ Covidကြောင့် စိတ်က အဆင်မပြေတာကတစ်ကြောင်း မို့လို့ပါ။ (Covidကာလက ကျနော့အတွက် အဆင်ပြေမနေဘူး။ အဓိကကတော့ emotions အပိုင်းပေါ့လေ။)

‘ဘာဆက်လုပ်ရမှန်း ၊ ဘာဆက်‌ေလ့လာရမှန်းမသိတဲ့ စိတ်’
ဒါပေမယ့် လေ့လာစရာ မလိုအောင် အကုန်သိနေတာလဲမဟုတ်။
အဲ့လိုခံစားရတာကြာလာတော့ confidenceမရှိချင် depression၀င်ချင်သလိုလို ၊ ဘာမှမလုပ်ချင်တော့သလိုလို ဖြစ်လာရော ..ဆိုတော့ ဒီ feelingကိုမြန်မြန်ဖျောက်မှရမှာပါ။ ဒါ့ကြောင့် ဒါတွေကို ကျနော့ ဘယ်လိုဖြေရှင်တဲ့ နည်းလေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

1. အလုပ်ခေါ်စာတွေ လိုက်ဖတ်ပါ။

Photo by Magnet.me on Unsplash

Foreign ကပဲဖြစ်ဖြစ်၊ မြန်မာကပဲ ဖြစ်ဖြစ် အလုပ်ခေါ်စာတွေလိုက်ကြည့်ပါ။ တချို့ အလုပ်ခေါ်စာတွေမှာ ကိုယ်မသိတဲ့ Job Description/Requirements တွေပါနေရင် ရှာကြည့်ပါ၊ လေ့လာပါ၊ သိအောင်လုပ်ပါ။ ဒါတွေက နောက်အလုပ်ရှာတဲ့နေရာမှာ‌အသုံး၀င်သလို၊ ကိုယ်တိုင်လည်း ဒီ field မှာ update ဖြစ်စေပါတယ်။ skills ကိုလည်းပိုကောင်းစေပါတယ်။
ကျနော်ရှာဖတ်တဲ့ websiteတချို့ ကိုဖော်ပြပေးလိုက်ပါတယ်။
1. techinasia.com/jobs/
2. glassdoor.com
3. justuxjobs.com
4. jobstreet.com.sg

2. Design challengeတွေ ၀င်ပြိုင်ပါ။

Photo by Kelly Sikkema on Unsplash

Design challengeတွေ ခေါ်တဲ့ websiteတွေမှာ (participate) ပါ၀င်ကြည့်ပါ။ (ကျနော့အတွက်)ဆုရလောက်အောင်မမှန်းထားပေမယ် ပါ၀င်ရတာလဲ စိတ်၀င်စားဖို့ကောင်းသလို ကိုယ့် idea/Creation တွေကို limitations တွေစဉ်းစားစရာမလိုဘဲ design လုပ်ရတာကလဲ အတော်အဆင်ပြေပါတယ်။ ပြီးတော့ကိုယ်မလုပ်ဖူးတဲ့ fieldတစ်ခုကို လုပ်ကြည့်တော့ အတွေ့အကြုံပိုရပါတယ်။

(ကျနော်တို့ လက်တွေ့ ဘ၀ကတော့ အမြဲ limitationsတွေကြည့်ပြီးလုပ်ရပါတယ်။ နေ့စဉ်တကယ့်ဘ၀မှာ limitations တွေနဲ့အလုပ်လုပ်ရတဲ့ အခါ ကိုယ့်ရဲ့ စိတ်က တစ်ခုခုကိုတွေးပြီဆိုရင် အရင်ဆုံး limitationsတွေကို စဉ်းစားပြီးမှ အဆင်ပြေမယ့် designကိုဆွဲတာပဲဖြစ်လာရော …အာ့တော့ တနည်းအားဖြင့်ပြောရင် ‘ဘောင်’ အတွင်းကဆွဲရတာ.. creativeဖြစ်ဖို့ထက် limitationsတွေနဲ့အဆင်ပြေတာတွေ ကိုပဲဦးစားပေးရတာ။

(‘ဘောင်’ အတွင်းမှာနေတာကြာလာရင် အဲ့ထဲက မထွက်နိုင်တော့ဘူး။ ‘ဘောင်’အတွင်းရောက်နေတာတောင်မေ့ချင်လာတယ်။ )

အဲ့တော့ ဒီလို Design challenge လေးတွေက ကိုယ့်ရဲ့ creative Mind ကို ပြန်ပြီးတော့ နိုးထလာစေပါတယ်။ ပြီ‌ေတာ့ designer‌ေတွခံစားရ‌ေလ့ရှိတဲ့ “ကိုယ့်ကိုယ်ကို creativeမဖြစ်ဘူးလို့”ထင်တဲ့ အတွေးတွေလည်း နည်းနည်းပျောက်သွားမှာပါ။
Design challengeတွေလုပ်ပေးတဲ့ ကျနော်သိတဲ့ websiteတချို့ကိုပါဖော်ပြပေးလိုက်ပါတယ်။
1. www.uplabs.com
2. uxchallenge.co
3. dailyui.co

3. Redesign/Case Study လုပ်ပါ။

Photo by Alice Dietrich on Unsplash

နာမည်ကြီး app (or) Website တွေကိုကိုယ့်စိတ်ကူးနဲ့ ပြန်ပြီး Redesign/ Case Study လုပ်ရတာကလည်း စိတ်ကို ပြန်ပြီး refresh ဖြစ်စေပါတယ်။ Home pageတစ်ခုတည်းကိုပဲဖြစ်ဖြစ်၊ journey(eg.Booking process, Onboarding process, etc..) တစ်ခုကိုပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့အပိုင်းကို redesign/ Case Study လုပ်လို့ရပါတယ်။ ပြီးရင် behanceတို့ dribbbleတို့ဆီမှာတင်ပြီး တခြား Designerတွေရဲ့ feedback ပြန်ယူလို့ရပါတယ်။
Designerတွေအများဆုံး redesignပြန်လုပ်တဲ့ app (သို့) websiteတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။
1. Instagram
2. Facebook
3. WhatsApp
4. Twitter

Case Study ဆိုတာ အကြောင်းအရာတစ်ခု(subject) (သို့) လုပ်ငန်းစဉ်တစ်ခု(Process)ကိုပိုမိုနားလည်ရန်အတွက် လေ့လာတဲ့ သုတေသနနည်းလမ်း ဖြစ်ပါတယ်။ Case Study လေ့လာမှုများတွင် functionality (လုပ်ဆောင်နိုင်စွမ်း)နဲ့ successes(အောင်မြင်မှုများ) ကိုနားလည်ဖို့ အသေးစိတ်လေ့လာတာတွေ ပါပါတယ်။
Read more https://writingcenter.ashford.edu/writing-case-study-analysis
https://www.scribbr.com/methodology/case-study/
https://www.mockplus.com/blog/post/ux-case-study
https://blog.tubikstudio.com/case-study-tracking-app/

4. စာဖတ်ပါ။

Photo by Joel Muniz on Unsplash

Internetကနေ Designerတွေ ဖတ်သင့်တဲ့စာအုပ်တွေကိုရှာကြည့်ပါ။ မဖတ်ရသေးရင်ဖတ်ကြည့်ပါ။ စာဖတ်ပျင်းတယ်ဆိုရင် နာမည်အကြီးဆုံး စာအုပ်တစ်အုပ်‌ေလာက်ကို အရင်ဖတ်ကြည့်ပါ။ (နာမည်ကြီးဆိုကတည်းက တစ်ခုခုကောင်းလို့ပါ, တခုခုပေးနိုင်လို့ပါ)။ ပြီးတော့ အဲ့ဒီကနေ ကိုယ်မသိသေးတာတွေ သိလာနိုင်ပါတယ်။
စာအုပ်ရှာဖို ကျနော် googleမှာရှာကြည့်တဲ့ keywordsတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
best books to learn ui/ux design, ux design books for beginners, best ux design books 2020, books every UX Designer must read

5. တခြား Toolsတွေကိုလေ့လာပါ။

Photo by Avel Chuklanov on Unsplash

နာမည်ကြီးနေတဲ့ ကိုယ်မသုံးဖူးတဲ့ tools (Design tools, Prototyping tools)တစ်ခုခုကို လေ့လာ သုံးကြည့်ပါ။ toolsတစ်ခုနဲ့တစ်ခုက သူတို့ကိုသုံးရတဲ့ experience နဲ့ တင်ပြပုံချင်းမတူတာတွေကို လေ့လာလို့ရပါတယ်။
1. invisionapp.com
2. miro.com
3. www.figma.com
4. animaapp.com/

ဒါတွေကတော့ ‘ဘာကိုဆက်လေ့လာရတော့မှန်း၊ ဘာဆက်လုပ်ရမှန်းမသေချာတဲ့ အချိန်တွေကို’ ကျနော်‌ဖြေရှင်းတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကျနော်မသိသေးတဲ့ နည်းလမ်းကောင်းတွေရှိရင်လည်း အောက်က commentsမှာ sharingလုပ်‌ေပးခဲ့လို့ရပါတယ်။

Article လေးကတော့ ဒီမှာပြီးပါပြီ။
မရှင်းတာရှိရင်လည်း comment ပေးခဲ့လို့ရပြီး နောက်တောင်းဆိုချင်တဲ့ Articleအကြောင်းအရာများရှိရင်လည်း ဒီ form လေးမှာမေးခဲ့လို့ရပါတယ်။ ကျနော်လည်းလေ့လာသင်ယူဆဲမို့ ကျန်ခဲ့တာ၊ အမှားပါရင်ရှိရင် ထောက်ပြပေးပါ။
ဒါဆို နောက်တပါတ် ကျနော့ Medium က Article လေးမှာ ပြန်တွေ့ကြပါမယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ။

--

--