UI/ UX Designerတွေ ဖတ်သင့်တဲ့စာအုပ်(2)အုပ် — Part (1)

Poe Ei Phyu
UI/ UX Sharing
Published in
2 min readApr 8, 2020

သင်္ကြန် ဆိုတာကျနော်တို့အတွက် ပျော်စရာ အားလပ်ရက်ကြီးတခုပါ။
ဘာလုပ်ချင်သလဲ?? အချိန်တွေလည်း အများကြီးရတယ်။ အခုဆို COVID-19လည်းဖြစ်နေတော့ အပြင်ထွက်ကစားဖို့ မဖြစ်နိုင်တော့လို့ အချိန်ပိုရပါတယ်။ အဲ့လို အချိန်ရတုန်းမှာ ကိုယ့် skillကို improveလုပ်ချင်တဲ့ သူတွေအတွက် ဖတ်စရာလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။
ကျနော် ဖတ်ဖူးသမျှထဲတော့ အကောင်းဆုံးတွေကို ဖော်ပြပေးထားတဲ့အတွက် ဒီစာအုပ်လေးတွေဖတ်ပြီးရင် UI/UX Designနဲ့ပါတ်သတ်ပြီးတွေးတဲ့အတွေးတွေက အရင်ကထက်ပိုပြီး တိုးတက်လာမယ် (သို့) အရင်ကအတွေးတွေနဲ့ သိပ်မတူတော့တာတွေ ဖြစ်လာမယ်လို့တော့ပြောနိုင်ပါတယ်။ လူတယောက်ရဲ့ နားလည်မှုအလိုက် improvement အနည်းနဲ့အများပဲကွာမှာပါ။
ဒါပေမယ့် ကိုယ်ဝါသနာပါတာကို ကြိုးစားရင် ၊ passionရှိရင်တော့ ဘာမဆိုဖြစ်နိုင်ပါတယ်။
( Ps — ကျနော်ကတော့ သင်္ကြန်တွင်း movie marathon နဲ့ ရေကစားမှာပါ။ အခုကတော့ အိမ်တွင်းအောင်းမယ့် သူတွေအတွက် အိမ်စာပေးလိုက်တာပေါ့ — — - ဒါက အရင်ကရေးထားတာပါ။ — — )

Edited — အခုတော့ အပြင်ထွက် ရေကစားလို့မှမရတော့တာ ကျ‌နော်လည်း စာဖတ်ရတော့မှာပေါ့ :( ။

၂အုပ်တည်းပဲလားဆိုတော့ …ကျနောကိုယ်တိုင်ကလည်း စာအများကြီးဆို သိပ်မဖတ်ချင်တဲ့ သူမို့.. သူများကိုလည်း အများကြီးမပေးချင်ပါဘူး။ အဓိကကတော့ ‘ဖတ်ဖြစ်စေချင်’တာလည်းပါပါတယ်။ ပြီးတော့ ဒီရက်အတွင်း‌ေလာက်ဆို ဖတ်လို့ပြီးမယ့် စာအုပ်အရေအတွက်က ဒါလောက်ဆို အနေတော်ပဲမိုလို့ ။ အာ့ဒါကြောင့် ဖတ်စရာ အများကြီး ပေးမထားတာပါ။ စာအုပ်တွေကတော့ Englishလို ချည်းပါပဲ ။ မကြောက်ပါနဲ့ ဖတ်ရတာလွယ်ပါတယ်။ ဖတ်ကြည့်ပါ။

01. 100 Things Every Designer Needs to Know About People

Amazon Link

ကျနော့ အကြိုက်ဆုံးစာအုပ်ပါ။ ပြီးတော့ သူရဲ့ခေါင်းစဉ်အတိုင်းပါပဲ Designer တိုင်းဖတ်သင့်တဲ့စာအုပ်ထဲမှာပါပါတယ် ။ ကျနော်တို့ဆွဲတဲ့ Designတွေကို အသုံးပြုတဲ့ user‌ေတွရဲ့ psychology တွေကို ရေသားဖော်ပြထားတာပါ။
Userတွေက Digital product ကို ဘယ်လိုသုံးတယ်ဆိုတာသိသွားရင် ကျနော်တို့အတွက် Designဆွဲတဲ့အခါ ပိုအဆင်ပြေပြီး ၊ ဘယ်အရာကိုတော့ ပြသင့်တယ်၊ ကိုယ်ပြချင်တာကို User တွေကို ဘယ်လိုသိအောင်ပြမယ် ၊ Userတွေအတွက် ဘယ်လို အဆင်ပြေအောင်လုပ်မယ် ဆိုတာတွေကိုလည်း သိသွားမှာပါ။
အပိုအလိုတွေ အများကြီးမရေးဘဲ ဖတ်ရတာလည်း အတော်ကောင်းပါတယ်။ ဒီစာအုပ်ဖတ်ပြီးရင် အရင်က Design thinking အတွေးတွေပြောင်းလဲသွားမယ် ပြီးတော့ အခြားအရာတွေအပေါ်လည်း ကြည့်တဲ့အမြင်ပြောင်းလဲသွားမယ်လို ကျနော်ထင်ပါတယ်။

02. Lean UX: Designing Great Products with Agile Teams

Amazon Link

UX Designer လုပ်တော့မယ်ဆိုရင် ဖတ်ကိုဖတ်သင့်တဲ့စာအုပ်ထဲမှာ သူလည်းပါပါတယ်။ UX processတွေကိုသိသာသိပြီး ဘယ်နေရာမှာ ဘယ်လို applyလုပ်ရမယ်ဆိုတာ မသိသေးတဲ့သူတွေအတွက်နဲ့ အခုမှ UX Design လောကထဲကို ၀င်မယ့်သူ‌ေတွ အတွက် ပိုသင့်တော်ပါတယ်။ လက်ရှိ UX Design လုပ်နေတဲ့သူတွေလည်း မဖတ်ရသေးရင် ဖတ်ကြည့်သင့်တဲ့စာအုပ်ပါ။

Take Away

ဒီ Holiday အတွင်းကျနော် အပြီးဖတ်ဖို့ လုပ်ထားတဲ့ စာအုပ် 2အုပ်ကိုပါ ဖော်ပြပေးလိုက်ပါတယ် ။ ကျနော့ ဒီ Articleလေးကို ဖတ်တဲ့သူထဲမှာ စာကြပိုးတွေပါရင် ဒီ၂အုပ်ကိုပါဖတ်ကြည့်လို့ရပါတယ်။

Amazon Link — https://www.amazon.com/Handbook-Usability-Testing-Conduct-Effective-ebook/dp/B008L03ZOY/ref=sr_1_1?crid=63Z7FWP9U0V6&dchild=1&keywords=handbook+of+usability+testing&qid=1586400753&s=books&sprefix=handbook+of+usa%2Cstripbooks-intl-ship%2C428&sr=1-1
Amazon Link — https://www.amazon.com/Design-Thinking-Playbook-Transformation-Businesses-ebook/dp/B084YZCS4H/ref=sr_1_1?crid=ZYLAOXQ2CCKR&dchild=1&keywords=the+design+thinking+playbook&qid=1586400818&s=books&sprefix=The+design%2Cstripbooks-intl-ship%2C413&sr=1-1

နောက်ဆုံး ကျနော်အကြံပေးချင်တာက ဘယ်အရာမဆို Goals တစ်ခုကို အကြီးကြီးထားတာထက် ၊ Goals အသေး‌လေးတွေထားတာက ပိုပြီး‌ေမြာက်စေပါတယ်။ ဥပမာ- ငါ ဒီ(၁)နှစ်အတွင်း စာအုပ် (12)အုပ်ဖတ်ပြီးရမယ်လို့ လုပ်တာထက်စာရင်(1)လ (1)အုပ်ပြီးရမယ်ဆိုတဲ့ goalsက ပိုပြီး‌ေမြာက်စေပါတယ် ။
Goalsအကြီးကြီးထားပါ။ ပြီးရင် အပိုင်းသေးလေးတွေပြန်ပိုင်းပြီး အကောင်အထည်ဖော်ပါ။

Article လေးကတော့ ဒီမှာပြီးပါပြီ။
သိချင်တာ၊ မရှင်းတာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ဒါဆို နောက်တပါတ် ကျနော့ Medium က Article လေးမှာ ပြန်တွေ့ကြပါမယ်။ အားလုံးပဲ ကျန်းမာပျော်ရွင်ကြပါစေ။

--

--