Web Designer, UI Designer, UX Designer နဲ့ UI/UX Designer တွေက ဘာ‌တွေကွာလဲ

Poe Ei Phyu
UI/ UX Sharing
Published in
3 min readFeb 27, 2020
Photo by UX Store on Unsplash

ဒါလေးကိုရေးချင်နေတာတော့ကြာပါပြီ ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တာ အခုထိပါပဲ။ ဒီနေ့တော့ “Web Designer, UI Designer, UX Designer နဲ့ UI/UX Designer တွေက ဘာ‌တွေကွာလဲ” မေးခွန်းလေးတွေ ခဏခဏ တွေ့နေရလို့ ရေးဖို့ပြန်သတိရလာလို့ သူ‌တို့ရဲ့ အလုပ် ကွဲပြားပုံလေးတွေကို နားလည်လွယ်အောင် ရေးပေးလိုက်ပါတယ်။

ပြီးတော့ ဒီအချိန်မှာတော်တော်များများ မြင်နေရတာက Web Designer, UI Designer, UX Designer နဲ့ UI/UX Designer တွေရဲ့ JD တွေကို ရေးထားတာ သိပ်မသဲကွဲတာတွေ့ရပါတယ်။ တချို့က UI Designerကို ခေါ်နေပေမယ့် JD က Web Designerလုပ်အရမယ့်အလုပ်တွေ။ ပြီးတော့တခြား positionတွေလည်း အနည်းငယ်မသဲကွဲတာလေးတွေကို တွေ့ရတဲ့အတွက် အခုလို ဘယ် Positionမှာဆို ဘာတွေလုပ်ရလဲ ဆိုတာကို အလုပ်ခေါ်မယ့် company တွေရော၊ အခုမှလေ့လာချင်တဲ့ သူတွေအတွက်ပါ ခြားနားချက်တွေကို ရေးပေးလိုက်ပါတယ်။

တခြား ဒီ environment ရှိတဲ့ positionတွေအများကြီးရှိပါတယ်။ (ဥပမာ- interaction Designer, UX Architect နဲ့ အခြား.. စတာတွေပါ) ဒါတွေကလည်း တူသလိုထင်ရပေမယ့် ကွာပါတယ်။ အခုတော့ ကျနော်တို့နဲ့ ရင်းနီးတဲ့၊ နေရာတော်တော်များများမှာလည်းတွေ့ရတဲ့ ပြီးတော့ အများစုကလည်း သိပ်သေချာ မသဲကွဲတဲ့ Web Designer, UI Designer, UX Designer နဲ့ UI/UX Designer တွေ ဘာတွေလုပ်ရလဲဆိုတာကိုပဲ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Web Designer (Design and Coding)

Photo by Christopher Gower on Unsplash

သူကတော့ psd file(Design file) ကနေ HTML၊ CSS file (psd to HTML, အခု‌နောက်ပိုင်းတော့ Sketch, Figma, နဲ့ Adobe Xd တွေပေါ့လေ) ကို ‌ပြောင်း ပေးတဲ့သူကိုခေါ်တာပါ။ Designလည်းဆွဲ coding‌လည်းရေးရပါတယ်။ Design နဲ့ HTML, CSS , JavaScript, နဲ့ တခြား Frontend ရေးတဲ့ ဟာတွေ’ရ’ ရပါတယ်။ Design ရော Coding ပါလေ့လာရတဲ့အတွက် ပိုပင်ပန်းပါတယ်။
သူ့အားသာချက်ကတော့ ကိုယ့် Designကို ကိုယ် code ပြန်ရေးရတာမို့လို့ Frontend Developer နဲညှိစရာမလိုပဲ ဆွဲထားတဲ့ Designအတိုင်း သေချာထွက်တာပါပဲ ။

အခုနောက်ပိုင်းတော့ Web Designer တွေကို ခေါ်တာနည်းလာပါတယ်။(UI Designer, Frontend Developer ဆိုပြီး သပ်သပ်ဆီပဲခေါ်တာများလာပါတယ်) ဘာလို့လည်းဆိုတော့ Designရော coding Skill ပါလုပ်ရတဲ့အတွက် ၂ခုလုံးတော့ Special Skill ဖြစ်မနေတာများလို့ပါ (၂ခုလုံး Skill ရှိတဲ့သူတွေလည်း ရှိပါတယ် ဒါပေမယ့် အတော်နည်းပါတယ်)

UI Designer (Design Only)

Photo by William Iven on Unsplash

သူကတော့ UX Designer or product Managerတွေ ပေးတဲ့ Data တွေကို Design(Website and Application and others Digital UI အတွက်) သီးသန့်ဆွဲရုံပါပဲ။ ဘာ codingမှရေးစရာမလိုပါဘူး(codingပိုင်း Knowledgeရှိရင်တော့ပိုကောင်းတာပေါ့လေ)။ ဒါပေမယ့် Design အပိုင်းတော့ ကျွမ်းကျင်ဖို့လိုပါတယ်။ Color Theory, Visual Hierarchy, Front နဲ့အခြား အစရှိတာတွေပါ။

UX Designer( Problem Solver)

Photo by Alvaro Reyes on Unsplash

Digital Product‌ေတွနဲ့ပါတ်သတ်ပြီး ဖြစ်လာတဲ့ ပြသနာတွေကို ဖြေရှင်းပေးတဲ့သူလို့ပြောလို့ရပါတယ်။
သူက codingရော Designပါ ရေးစရာ၊ ဆွဲစရာမလိုပါဘူး။ ဒါပေမယ့် Wireframe (Design draft) နဲ့ prototype တွေ တော့ပေးရပါတယ် ။ ဒီ screenမှာ ဘာတွေကို ဘယ်လိုပြချင်တယ်၊ ဘာတွေပါချင်တယ်(data)၊ ဒီ Screenပြီးရင် နောက်ဘာလာမလဲ(Screen Flow)ဆိုတာ‌ေတွကိုတော့ UI Designerကို ပေးရပါတယ်။ ပြီးတော့ သူက Digital Products တွေအတွက် Screen Flowတွေ, User Journey ,Research, Testingတွေ လုပ်ရပါတယ်။

UI /UX Designer(Designer and Problem Solver)

Photo by Amélie Mourichon on Unsplash

သူကတော့ အပေါ်က UI Designerနဲ့ UX Designerကိုပေါင်းထားတဲ့အလုပ်ပါ။ Productတခုမှာ codingမရေးရတာကလွဲလို့ ကျန်တဲ့ ဟာတွေအကုန်လုံး လုပ်ရပါတယ်။ UI Designဆွဲတာ၊ Researchလုပ်တာ Screenflow တွေ, wireframe, prototype, A/B Testing အစရှိတာတွေ လုပ်ရပါတယ်။

ဒါလောက်ဆို Web Designer, UI Designer, UX Designer နဲ့ UI/UX Designer တွေက ဘယ်ဟာက ဘာလုပ်တယ်ဆိုတာ ‌သေချာသိသွား‌လောက်မယ်လို့ထင်ပါတယ်။ ပြီးတော့ အခုမှ ဒီ environmentထဲဝင်မယ့် ကလေးတွေ အတွက်လည်း ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သေချာသိပြီး ဘယ် Titles‌ေအာက်မှာ အလုပ်လုပ်ချင်တာလဲဆိုတာကို ကွဲ၂ပြား၂ သိသွားဖို့မျော်လင့်ပါတယ်။ companyတွေအတွက်ကတော့ ကိုယ် ဘာလိုချင်တာလဲဆိုတာသိပြီး Titles နဲ့ JD တွေကိုကွဲကွဲပြားပြား ခေါ်နိုင်ပါစေ လို့ မျော်လင့်မိပါရင်း .. နောက် တပါတ် ကျနော့ Medium က Article လေးမှာ ပြန်တွေ့ကြပါမယ် ။

(ကျနော်ရေးထားတာကတော့ overall ပဲဖြစ်ပါတယ် ၊ စာဖတ်သူထဲမှာ အခု ကျနော် ဖော်ပြထားတဲ့ position‌ေတွပါခဲ့ရင် ဖော်ပြထားတဲ့အထဲမှာ လိုအပ်တာရှိရင်လည်း အောက်က commentsထဲမှာ ဖြည့်စွက်ပေးလို့ရပါတယ်)

--

--