Website or Application တွေရဲ့ Sitemap ကို တစ်ယောက်တည်း မဆွဲပါနဲ့။

(website or app တခု မစခင် သိသင့်တဲ့ အချက်များ #1)

Poe Ei Phyu
UI/ UX Sharing
2 min readDec 23, 2019

--

ကျနော်တို့ website or app တခုစဆွဲတော့မယ်ဆိုရင် အရင်ဆုံး content/ data တွေ အရင်စုရပါတယ်။ (အရင်တုန်းကတော့ ဘာမှသိပ်မစဉ်းစားပဲ ဆွဲလိုက်တာပဲ၊ အာလိုလုပ်တာ အချိန်မကုန‌်ပေမယ့် လုံး၀ Systemမကျပါဘူး၊ ကျနော့ အတွေ့အကြုံအရပါ)

အာ့လိုအချိန်မှာ အရေးကြီးတာတခုကတော့ website or app တခုရဲ့ ကျောရိုး တခုဖြစ်တဲ့ sitemap တခု အရင် design/Create လုပ်ဖို့ပါပဲ ။ website or app တခု structure ကျကျ ဖြစ်နေဖို့ရဲ့ basic need ပါ။

Sitemap တခုရဲ့ process (ကျနော့ရဲ့ process)

Step 1

ပထမဆုံးကျနော် Alpha sitemap ကို Categorize လုပ်ပြီး createလုပ်ပါတယ်။

Step 2

ပြီးရင် sitemapကို printထုတ်ပြီး stakeholdersတွေနဲ့ ကျနော် initial လုပ်ထားတဲ့ Alpha 1 sitemap ကို သူတို့နားလည်း၊မလည်မေးတယ်။ လိုတာထပ်ထည့်ပြီး မလိုတာဖြုတ်၊ ပေါင်းသင့်တာပေါင်းပေါ့၊ သူတို့ပေးတဲ့၊ ပြောတဲ့ feedbackအရ ထပ်ပြီး Categorizeလုပ်ပါတယ် ၊ wording‌ေတွ စီပါတယ်။ Alpha 2 Sitemap ထပ်ရပါတယ်။

Picture .. pixabay.com

Step 3

Alpha 2 Sitemap ရရင် Target User group နဲ့ ဆက်ပြီး Survey လုပ်ပါတယ်။ ကိုယ်တွေနားလည်တာကို သူတို့ (Users)တွေ ဘယ်လိုနားလည်လဲဆိုတာကို သိရဖို့ အတွက်ပါ ။ ပြီးရင်တော့ userတွေ ပေးတဲ့ feedbackတွေကို applyလုပ်ပြီး adjust
ထပ်လုပ်ရပါတယ်။

( user၊ အသုံးပြုသူ‌ေတွ ၊ လူတယောက်နဲ့တယောက်က နားလည်ပုံချင်း၊ knowledge ‌၊ background နဲ့ past experience (အရင်က အတွေ့အကြုံ) ပေါ်မူတည်ပြီး အသုံးပြုမှု ၊ နားလည်မှု့ ကွာပါတယ်။

ဥပမာ- Facebook app တခုတည်းကိုပဲ သုံးတတ်တဲ့ သူနဲ့ တစ်ခါမှမသုံးဖူးတဲ့ သူဟာ ကွာပါတယ်။ Facebook သုံးဖူးတဲ့သူက Likeတွေကို နှိပ်လို့ရတယ်လို့သိပြီး ကြာကြာနှိပ်ရင် reactionလေးတွေပါ ပေါ်လာမယ်ဆိုတာကို သိပါတယ်၊ ‌ပြီးတော့သူက UI element (button, link)တွေနဲ့ ရင်းနှီးနေပါပြီ၊ နှိပ်ရင်ဘာဖြစ်မလဲဆိုတာလဲ ခန့်မှန်းတတ်နေပါပြီ၊ နောက် app တွေသုံးတဲ့အခါမှာလည်း သူအတွက်က အရင်က သုံးဖူးတဲ့ အတွေ့အကြုံရှိတဲ့ အတွက် ပိုအဆင်‌ေပြ၊ သုံးတတ်သလောက်ရှိနေပါပြီ။
မသုံးဖူးတဲ့သူကတော့ Likeဆိုတာနိပ်စရာလား ဘာလားဆိုတာတောင် သိပ်သေချာမှာမဟုတ်ပါဘူး။

ကျနော်တို့ “ဒါလောက်လေးက”တော့နားလည်မယ်( နားလည်မှာပါ) လို့ထင်တဲ့အရာတွေက အမြဲတမ်း လိုလို မမှန်တတ်ပါဘူး။ ကိုယ့် Target user group ကို သေချာသိပြီး surveyတွေ researchတွေ လုပ်မှ ကိုယ်နားလည်မယ်လို့ထင်တဲ့အရာတွေကို သူတို့ဘယ်လိုနားလည်‌ေနပြီး ဘယ်လိုသုံးတယ်ဆိုတာ ကို တကယ် သိရတာပါ)

Step 4(Final)

Beta Sitemap ထပ်ရပါတယ် ။ နောက်ထပ် stakeholders meeting/ discussion လုပ်ရပါတယ်။ (နောက်ဆုံး user တွေနဲ့ ရတဲ့ sitemapကတော့ ဒီဟာ ဆိုတာကို finalize discussion၀င် )ဒါကတော့ နောက်ဆုံး step ရောက်သွားပြီပေါ့ ။ stakeholdersတွေရဲ့ feedbackတွေ applyထပ်လုပ်၊ ဒါပြီးရင်တော့ လုံး၀ final decision ချပြီး ၊ Final sitemap ရပါပြီ။

အားလုံးပေါင်း အချိန် တစ်ပါတ် ဆိုလုံလောက်လေ့ရှိပါတယ်။ တစ်ပါတ်ဆိုတာ ‌မများပါဘူး။ app or website တခု နောက်ပိုင်း grow ြဖစ်ပြီးကြီးလာရင် အခုလို လုပ်ခဲ့တဲ့ processတွေကနေ benefits တွေရလာနိုင်သလို၊ မလုပ်ခဲ့ရင်တော့ Redesign ဆိုတဲ့ website or app တခုလုံးကို အစကနေအဆုံးထိ ပြန် structure ချ၊ ပြန်ဆွဲရတော့မှာပါ ၊ အာ့ကျရင် အချိန်ပိုကြာ ၊ ပိုက်ဆံပိုကုန်ပါပြီ ။ နောက်ဆုံးပြောရရင်တော့ Sitemap structure ချတာဟာ အရေးကြီးတဲ့ process၊ step တစ်ခုဖြစ်ပါတယ်။ အချိန်ပေးပါ၊ အောက်ခြေခိုင်အောင်လုပ်ပါ။ သူများအမြင်ကိုလည်းထည့်စဉ်းစားပါ။

ဒါကြောင့် Sitemapကို တယောက်တည်းမလုပ်ဘဲ အများရဲ့အမြင်တွေ၊ Usersတွေရဲ့ အမြင် ( Stakeholdersတွေ ၊ Usersတွေ နဲ့ မလုပ်နိုင်တဲ့ အခါမျိုးမှာ companyမှာ ရှိတဲ့ သူတွေနဲ့ လည်း discussion လုပ်လည်းရပါတယ် (ရုံးက ခေါ်လို့ရသမျှ လူအကုန်ခေါ်ပါ )အာလို့ လုပ်ခြင်းအားဖြင့် သင်တယောက်တည်းလုပ်တာထက် ပိုကောင်းတဲ့ အမြင်တွေ ပိုရပြီး ပို structure ကျစေပါတယ်။

Sitemapကို photoshop ၊ sketch၊ MS နဲ့ဆွဲစရာမလိုဘဲ ၊ အသုံးတည့်တဲ့ ၊ လက်ရှိ ကျနော် sitemap ဆွဲရင် သုံးတဲ့ tool တချို့ကို ဖော်ပြပေးလိုက်ပါတယ်

Online Sitemap ( free)
www.gloomaps.com
https://www.draw.io/

Overflow (Paid)
www.Overflow.io

--

--