Yar Pyae
We Love Automobiles
4 min readJun 23, 2018

--

တစ္ေၾကာ့ျပန္ ေမြးဖြားလာခဲ့တဲ့ BMW 8 Series
===================

BMW ဟာ 1989 ခုႏွစ္ကေန 1999 ခုႏွစ္အထိ ဆယ္ႏွစ္တာကာလအတြင္းမွာ V8 ႏွင့္ V12 အင္ဂ်င္မ်ားတပ္ဆင္ထားတဲ့ Grand Tourer အမ်ိဳးအစား BMW 8 Series ကို ထုတ္လုပ္ခဲ့ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမဲ့ လူႀကိဳက္နည္းၿပီး မေရာင္းရတဲ့အတြက္ 1990 ေနာက္ပိုင္းမွာေတာ့ 8 Series ထုတ္လုပ္မႈကို ရပ္ဆိုင္းခဲ့ပါတယ္။

တဖန္ ၂၀၁၇ ေမလမွာ Second Generation ျဖစ္လာမယ့္ 8 Series Concept ကို ျပန္လည္မိတ္ဆက္ခဲ့ၿပီး ၂၀၁၈ မွာ Production Model ကို မိတ္ဆက္မယ္လို႔ BMW က ေၾကျငာခဲ့ပါတယ္။ ထို႔သို႔ေၾကျငာခဲ့တဲ့အတိုင္း ဒီလ ၁၅ ရက္ေန႕က 8 Series Production Model ကို ထုတ္ျပခဲ့ၿပီး ဒီႏွစ္ နိုဝင္ဘာလမွာ 2019 ေမာ္ဒယ္ကို စတင္ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။

ယခု Second Generation 8 Series မွာ Type သုံးမ်ိဳးရွိပါမယ္။ Coupe (codenamed G15), Convertible (G14) ႏွင့္ Gran Coupé (G16) တို႔ ျဖစ္ပါတယ္။

ထို႔အတူ Coupe ကိုလည္း Model Version ႏွစ္မ်ိဳး ထုတ္ပါမယ္။ V8 အင္ဂ်င္တပ္ဆင္ထားၿပီး M Performance ပါဝင္မယ့္ M850i xDrive Coupe ႏွင့္ Inline Six-Cylinder Diesel အင္ဂ်င္ တပ္ဆင္ထားတဲ့ 840d xDrive Coupe တို႔ ျဖစ္ၾကပါတယ္။ Transmission မွာေတာ့ ထိုေမာ္ဒယ္ႏွစ္မ်ိဳးလုံးကို Eight-Speed Automatic Gearbox တပ္ဆင္ေပးမွာပါ။

V8 Engine ရဲ႕ Spec ကို Detail ၾကည့္မယ္ဆိုရင္ Displacement 4.4 Liter ရွိၿပီး Twin Turbo ပါဝင္ပါမယ္။ Horsepower 530 hp ႏွင့္ Torque 553 lb-ft ထုတ္လုပ္နိုင္စြမ္းရွိပါတယ္။ V8 Version ေမာ္ဒယ္ဟာ ရပ္နားထားရာကေန 60 mph အျမန္ႏႈန္းကို ေရာက္ရွိဖို႔ ၃.၆ စကၠန႔္သာၾကာမယ္လို႔ BMW က အခိုင္အမာေျပာထားပါတယ္။ Top Speed ကိုေတာ့ 155 mph မွာ Electronically ျဖင့္ Limit လုပ္ထားပါတယ္။

Convertible နဲ႕ Gran Coupé ေမာ္ဒယ္ေတြမွာလည္း Coupe ရဲ႕ V8 Version ကိုတပ္ဆင္ၿပီးေတာ့ ကနဦးထုတ္လုပ္ဦးမွာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ V12 Version နဲ႕ ထုတ္လုပ္လာနိုင္ပါတယ္။

2nd Gen 8 Series ရဲ႕ Headlights ေတြဟာ BMW ရဲ႕ တျခားေမာ္ဒယ္ေတြထက္ က်စ္လစ္သိပ္သည္းၿပီး ေခ်ာေမြ႕ေတာက္ေျပာင္ေနပါတယ္။ ထို႔အျပင္ Face နဲ႕ Tail ကိုလည္း ေလကို အျပည့္အဝ ထိုးခြင္းနိုင္ေအာင္ ဖန္တီးထားပါတယ္။ တစ္စီးလုံးကို ၿခဳံၾကည့္မယ္ဆိုရင္ သူ႕ရဲ႕ Body အရွည္ဟာ Luxury Grand Tourer တစ္စီးမွာရွိသင့္တဲ့အရွည္ထက္ အနည္းငယ္ပိုေနၿပီး Height နည္းနည္းလည္း နိမ့္ေနပါတယ္။

အထက္မွာေဖာ္ျပခဲ့သလို Type ၃ မ်ိဳး၊ Engine Version ၂ မ်ိဳးတို႔ ခြဲထားသည့္အျပင္ Package ကိုလည္း M Sport Package ႏွင့္ M Performance Model ဆိုၿပီး ၂ မ်ိဳး ထပ္ခြဲထားပါေသးတယ္။ M Sport Package မွာ ၁၉ လက္မအလြိုင္းဘီး၊ Upgrade ျဖစ္တဲ့ Braking System တို႔္ပါဝင္ၿပီး ညအေမွာင္ထဲမွာ ေမာင္းသြားရင္ေတာင္မွ M-Sport 8 Series မွန္းသိေစမယ့္ light up M-Logo ကို တံခါး ၂ ေပါက္ေပၚမွာ တပ္ဆင္ထားပါတယ္။
M Performance Model မွာေတာ့ ၂၀ လက္မ အလြိုင္းဘီး၊ Performance Tyres ႏွင့္ Sport ထက္ ပိုၿပီး Upgrade ျဖစ္တဲ့ Brakes တို႔ပါဝင္ၿပီး ႏွင့္ Interior မွာ ပိုၿပီးေကာင္းမြန္တဲ့ Touch ေတြ ခံစားလို႔ရေအာင္ ဖန္တီးေပးထားပါတယ္။

2019 8-Series ကို Officially Announced လုပ္ခဲ့ေပမဲ့ အခုထိ ေဈးႏႈန္းကို BMW က မထုတ္ျပန္ေသးပါဘူး။ အၾကမ္းဖ်င္းအားျဖင့္ BMW 8 Series ရဲ႕MSRP ေဈးႏႈန္းဟာ $70,000 နဲ႕ $100,000 ၾကားရွိနိုင္ၿပီးေတာ့ အဓိကၿပိဳင္ဘက္က Mercedes S-Class Coupe/Cabrio ပဲျဖစ္ပါတယ္။

လူႀကီးဆန္ဆန္ အိေျနၵရရ စီးခ်င္သူေတြကေတာ့ 7 Series ကို ေ႐ြးခ်ယ္သင့္ၿပီး Driving Pleasure ကိုခံစားခ်င္တယ္၊ Sporty ဆန္ဆန္ေမာင္းႏွင္ခ်င္တယ္ဆိုရင္ေတာ့ 8 Series ဟာ သင့္အတြက္ ျဖစ္လာမွာပါ ။ ။

#BMW #8Series #Coupe #New #MSport

©We Love Automobiles | 2018

[Unicode]
တစ်ကြော့ပြန် မွေးဖွားလာခဲ့တဲ့ BMW 8 Series
===================

BMW ဟာ 1989 ခုနှစ်ကနေ 1999 ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်းမှာ V8 နှင့် V12 အင်ဂျင်များတပ်ဆင်ထားတဲ့ Grand Tourer အမျိုးအစား BMW 8 Series ကို ထုတ်လုပ်ခဲ့ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ လူကြိုက်နည်းပြီး မရောင်းရတဲ့အတွက် 1990 နောက်ပိုင်းမှာတော့ 8 Series ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

တဖန် ၂၀၁၇ မေလမှာ Second Generation ဖြစ်လာမယ့် 8 Series Concept ကို ပြန်လည်မိတ်ဆက်ခဲ့ပြီး ၂၀၁၈ မှာ Production Model ကို မိတ်ဆက်မယ်လို့ BMW က ကြေငြာခဲ့ပါတယ်။ ထို့သို့ကြေငြာခဲ့တဲ့အတိုင်း ဒီလ ၁၅ ရက်နေ့က 8 Series Production Model ကို ထုတ်ပြခဲ့ပြီး ဒီနှစ် နိုဝင်ဘာလမှာ 2019 မော်ဒယ်ကို စတင်ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

ယခု Second Generation 8 Series မှာ Type သုံးမျိုးရှိပါမယ်။ Coupe (codenamed G15), Convertible (G14) နှင့် Gran Coupé (G16) တို့ ဖြစ်ပါတယ်။

ထို့အတူ Coupe ကိုလည်း Model Version နှစ်မျိုး ထုတ်ပါမယ်။ V8 အင်ဂျင်တပ်ဆင်ထားပြီး M Performance ပါဝင်မယ့် M850i xDrive Coupe နှင့် Inline Six-Cylinder Diesel အင်ဂျင် တပ်ဆင်ထားတဲ့ 840d xDrive Coupe တို့ ဖြစ်ကြပါတယ်။ Transmission မှာတော့ ထိုမော်ဒယ်နှစ်မျိုးလုံးကို Eight-Speed Automatic Gearbox တပ်ဆင်ပေးမှာပါ။

V8 Engine ရဲ့ Spec ကို Detail ကြည့်မယ်ဆိုရင် Displacement 4.4 Liter ရှိပြီး Twin Turbo ပါဝင်ပါမယ်။ Horsepower 530 hp နှင့် Torque 553 lb-ft ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ V8 Version မော်ဒယ်ဟာ ရပ်နားထားရာကနေ 60 mph အမြန်နှုန်းကို ရောက်ရှိဖို့ ၃.၆ စက္ကန့်သာကြာမယ်လို့ BMW က အခိုင်အမာပြောထားပါတယ်။ Top Speed ကိုတော့ 155 mph မှာ Electronically ဖြင့် Limit လုပ်ထားပါတယ်။

Convertible နဲ့ Gran Coupé မော်ဒယ်တွေမှာလည်း Coupe ရဲ့ V8 Version ကိုတပ်ဆင်ပြီးတော့ ကနဦးထုတ်လုပ်ဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ V12 Version နဲ့ ထုတ်လုပ်လာနိုင်ပါတယ်။

2nd Gen 8 Series ရဲ့ Headlights တွေဟာ BMW ရဲ့ တခြားမော်ဒယ်တွေထက် ကျစ်လစ်သိပ်သည်းပြီး ချောမွေ့တောက်ပြောင်နေပါတယ်။ ထို့အပြင် Face နဲ့ Tail ကိုလည်း လေကို အပြည့်အဝ ထိုးခွင်းနိုင်အောင် ဖန်တီးထားပါတယ်။ တစ်စီးလုံးကို ခြုံကြည့်မယ်ဆိုရင် သူ့ရဲ့ Body အရှည်ဟာ Luxury Grand Tourer တစ်စီးမှာရှိသင့်တဲ့အရှည်ထက် အနည်းငယ်ပိုနေပြီး Height နည်းနည်းလည်း နိမ့်နေပါတယ်။

အထက်မှာဖော်ပြခဲ့သလို Type ၃ မျိုး၊ Engine Version ၂ မျိုးတို့ ခွဲထားသည့်အပြင် Package ကိုလည်း M Sport Package နှင့် M Performance Model ဆိုပြီး ၂ မျိုး ထပ်ခွဲထားပါသေးတယ်။ M Sport Package မှာ ၁၉ လက်မအလွိုင်းဘီး၊ Upgrade ဖြစ်တဲ့ Braking System တို့်ပါဝင်ပြီး ညအမှောင်ထဲမှာ မောင်းသွားရင်တောင်မှ M-Sport 8 Series မှန်းသိစေမယ့် light up M-Logo ကို တံခါး ၂ ပေါက်ပေါ်မှာ တပ်ဆင်ထားပါတယ်။
M Performance Model မှာတော့ ၂၀ လက်မ အလွိုင်းဘီး၊ Performance Tyres နှင့် Sport ထက် ပိုပြီး Upgrade ဖြစ်တဲ့ Brakes တို့ပါဝင်ပြီး နှင့် Interior မှာ ပိုပြီးကောင်းမွန်တဲ့ Touch တွေ ခံစားလို့ရအောင် ဖန်တီးပေးထားပါတယ်။

2019 8-Series ကို Officially Announced လုပ်ခဲ့ပေမဲ့ အခုထိ ဈေးနှုန်းကို BMW က မထုတ်ပြန်သေးပါဘူး။ အကြမ်းဖျင်းအားဖြင့် BMW 8 Series ရဲ့MSRP ဈေးနှုန်းဟာ $70,000 နဲ့ $100,000 ကြားရှိနိုင်ပြီးတော့ အဓိကပြိုင်ဘက်က Mercedes S-Class Coupe/Cabrio ပဲဖြစ်ပါတယ်။

လူကြီးဆန်ဆန် အိနြေ္ဒရရ စီးချင်သူတွေကတော့ 7 Series ကို ရွေးချယ်သင့်ပြီး Driving Pleasure ကိုခံစားချင်တယ်၊ Sporty ဆန်ဆန်မောင်းနှင်ချင်တယ်ဆိုရင်တော့ 8 Series ဟာ သင့်အတွက် ဖြစ်လာမှာပါ ။ ။

#BMW #8Series #Coupe #New #MSport

©We Love Automobiles | 2018

--

--