All New Bentley Flying Spur 2020 (Detail)

Yar Pyae
We Love Automobiles
6 min readJun 11, 2019

Zawgyi Below >>>

ယနေ့မှာပဲ တတိယမြောက်မျိုးဆက် All-new Bentley Flying Spur ထွက်ရှိလာပါတယ်။ ကမ္ဘာ့အဆင့်မြင့်ဆုံး၊ အကောင်းဆုံး၊ ဇိမ်အကျဆုံး Grand Touring Saloon တစ်စီး၏ အရသာကို All-new Flying Spur က ပေးစွမ်းနိုင်လိမ့်မယ်လို့ Bentley က အခိုင်အမာ ဆိုထားပါတယ်။

All-new Flying Spur ကို Bentley Company အခြေစိုက်ရာ Crewe မြို့၌ ကျွမ်းကျင်ပညာရှင်များမှ နှစ်ရှည်လများ အချိန်ယူ၍ ဒီဇိုင်းရေးဆွဲဖန်တီးတည်ဆောက်နေခဲ့ကြတာ ကြာပါပြီ။ ထိုသို့အချိန်ယူ ဖန်တီးခဲ့ရသမျှ ထွက်ရှိလာတဲ့ရလာဒ်ဟာလည်း ကျေနပ်စရာပါ။ ခေါင်းအစ ခြေအဆုံး၊ Grille ကနေ Tail-light အထိ၊ တစ်ကိုယ်လုံးသိမ်းကြုံးပြီး Redesign လုပ်ထားတာ အားရစရာပါ။ ထို့အပြင် Porsche Panamera မှာ အသုံးပြုထားတဲ့ MSB Platform ကိုလည်း ပြောင်းလဲ အသုံးပြုထားပါတယ်။

အလျားအားဖြင့် 5334 mm ရှိကာ အရင်မော်ဒယ်ထက် ထက် 17 mm ရှည်ပြီး အမြင့်မှာတော့ 1484 mm ရှိကာ အရင်မော်ဒယ်ထက် နိမ့်ပါတယ်။ Wheelbase လည်း 170 mm ခန့် ပိုရှည်လာပါတယ်။ 21 inch Alloy ဘီးတွေကို Standard အနေနဲ့ တပ်ဆင်ပေးထားပြီး ဝယ်ယူသူများ ကြိုက်နှစ်သက်လျှင် 22 inch Alloy နဲ့ လည်း ရရှိနိုင်ပါတယ်။

Front End မှာတော့ ကြီးမားတဲ့ New Vertical Vane Grille ကြီးက လွှမ်းမိုးနေပါတယ်။ Grille ကြီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ new crystal-cut LED matrix headlights များကို တွေ့ရမှာပါ။ Bonnet ရဲ့ ထိပ်ဖျားမှာတော့ Rolls-Royce ကားတွေမှာပါတဲ့ ‘’လူပျံတော်’’ Statue ကဲ့သို့သော ‘’Flying B’’ Statue ပါဝင်လာပါတယ်။ Rolls-Royce တွေမှာလိုပဲ စက်နိုးလိုက်တဲ့အခါမှာ Statue ထွက်လာမှာဖြစ်ပြီး စက်ရပ်လိုက်လျှင် ပြန်ဝင်သွားမှာဖြစ်ပါတယ်။ ၎င်း Flying B Statue ဟာ Modern Bentley တွေမှာ ပထမဆုံးပါဝင်လာခြင်းလည်းဖြစ်ပါတယ်။ Rear End မှာ Diamond ကဲ့သို့တောက်ပနေတဲ့ “B” ပုံသဏ္ဍာန် Taillights တွေကို တွေ့ရမှာပါ။

ရွေးချယ်စရာ Exterior Color ၁၇ မျိုး ပေးထားပါတယ်။ အတွင်းခန်းကတော့ New Continental GT ဆီကနေ ကူးယူထားပါတယ်။ Steering ရဲ့နောက်မှာ high-definition digital instrument cluster တစ်ခု တည်ရှိပါတယ်။ အလန်းဆုံးကတော့ Central Display ပါ။ Central Display ဟာ 12.3 inch ရှိပြီး တြိဂံကုဗတုံးတစ်ခုကို လှည့်သလိုမျိုး touchscreen, analogue dials နှင့် plain wooden veneer စတဲ့ မျက်နှာပြင် (၃) ခုကို လှည့်လို့ရပါတယ်။ Buyer တွေဟာ အတွင်းခန်းအသားကို Wood Trims ၈ မျိုးနှင့် Stone Trims ၄ မျိုးထဲမှ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ Leather Color (၁၅) ရောင်ထဲမှ ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ All New Flying Spur တစ်စီးစီရဲ့ အတွင်းခန်းအတွက် Trim ပေါ်မူတည်ပြီး Leather အမျိုးအစား ၁၀ မျိုးထိ အသုံးပြုဖန်တီးထားပါတယ်။ တံခါးအတွင်းဘက်တွေမှာ Leather အောက်၌ ငှက်မွှေးနှင့်ဝါဂွမ်းတို့ထည့်ပြီး Three Dimensional ပုံစံ ပြုလုပ်ထားပါတယ်။

ဒါ့အပြင် Bentley’s Mulliner programme အဖြစ် ဝယ်ယူသူတွေမှ (individual personalisation) စိတ်ကြိုက် Color, စိတ်ကြိုက် Material, စိတ်ကြိုက် အတွင်းခန်းအပြင်အဆင်တို့ကို မှာယူနိုင်ပါသေးတယ်။

ယအနောက်ဘက် Passengers တွေမှ climate control ၊ seat massager နှင့် Lighting တွေကို ချိန်ညှိနိုင်ဖို့ရန်အတွက် Central Console ရဲ့ နောက်ဖျားမှာ Touch Screen တစ်ခုကို တပ်ဆင်ပေးထားပါတယ်။ Sound System မှာ Standard အနေနဲ့ 10 Speaker ပါဝင်၍ 16-speaker, 1,500-watt Bang & Olufsen setup (သို့မဟုတ်) 19-speaker, 2,200-watt Naim system with active bass transducers ကို Upgrade ပြုလုပ်နိုင်ပါတယ်။

Powertrain မှာတော့ Horsepower 626 bhp နှင့် Torque 900 Nm ထွက်ရှိတဲ့ Twin Turbo 6.0 Liter W12 Engine ကို တပ်ဆင်ထားပါတယ်။ Power ကို Eight Speed Automatic Gearbox ကနေတဆင့် new adaptive four-wheel drive ကိုဖြတ်ပြီး Rear Axle ကို Power ၁၀၀ ရာခိုင်နှုန်း ပေးပို့ပါတယ်။ New torque-vectoring technology ဖြင့် Rear Wheel တွေကြား Torque ခွဲဝေပေးပါတယ်။ 0–62 mph ကို 3.6 Seconds နှင့် Top Speed 207 mph ထိ မောင်းနှင်နိုင်မယ်လို့ Bentley က ပြောပါတယ်။ Top Speed ကို Sixth Gear နဲ့ပင်ရောက်ရှိနိုင်မှာဖြစ်ပြီး 7th Gear နှင့် 8th Gear တို့ကို economical grand touring အတွက်ထည့်သွင်းထားတာလို့လည်း ဆိုပါတယ်။

Bentley မော်ဒယ်တွေထဲမှာ ပထမဆုံးအဖြစ် All-Wheel Steering ပါဝင်လာပါတယ်။ All-Wheel Steering ရဲ့အားသာချက်ကတော့ Low Speed မှာဆိုရင် Steering ကို ထိန်းချုပ်တဲ့နေရာမှာ ပေါ့ပါးသွက်လက်စေကာ Turning Circle ကို လျှော့ချပေးပြီး High Speed မှာဆိုရင် ကားကို ပို၍တည်ငြိမ်စေပါတယ်။ Three-chamber air suspension ကို Standard အနေနဲ့ တပ်ဆင်ထားပြီး ၎င်း Suspension က Flying Spur ၏ အမျိုးမျိုးသော Driving Mode ကိုလိုက်၍ Stiffness အမျိုးမျိုးပြောင်းလဲစေပြီး စီးနှင်းသူတွေကို သက်တာင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။

All-new Bentley Flying Spur ရဲ့ ဈေးနှုန်းဟာ £165,000 လောက်နေ စတင်ကျသင့်မှာဖြစ်ပါတယ်။ ၎င်းရဲ့ Main Rival တွေကတော့ Rolls-Royce Ghost, Mercedes Maybach S650, Toyota Century တို့် ဖြစ်ကြပါတယ်။

#Bentley #Flying_Spur #All_New

©We Love Automobiles | 2019

All New Bentley Flying Spur 2020 (Detail)

[Zawgyi]













--

--