My Journey with Bertelsmann Technology Scholarship @Udacity (Part-1)

Khine Zar
2 min readMar 18, 2020

--

ခိုင်ဇာ၂၀၁၉ ၁၀ လပိုင်းထဲမှာ WWcode Tokyo ကတစ်ဆင့်သိခဲ့ရတဲ့ scholarship တစ်ခုလျောက်ထားတာရခဲ့ပါတယ်။

Bertelsmann Technology Scholarship လို့ခေါ်ပါတယ်။ သူကတော့ နည်းပညာတွေကိုအွန်လိုင်းကနေလေ့လာလို့ရတဲ့ Udacity မှာ ကျောင်းတက်ခွင့်ကို Bertelsmann Group of Company ကနေ scholarship ပေးတာဖြစ်ပြီး လျောက်ချင်တယ်ဆို သူတို့သတ်မှတ်ထားတဲ့ Track ၃ ခုရှိပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဆီမှာ လျောက်ထားလို့ရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ Trackတွေက တော့ Cloud Track , Data Track , AI Track ဆိုပြီး ၃မျိုးသတ်မှတ်ထားတာပါ။ Track တစ်ခုဆီအတွက်ကျောင်းသား ၅၀၀၀ ဆီ ရွေးချယ်ပြီး စုစုပေါင်း ကျောင်းသား ၁၅၀၀၀ ကိုပထမအသုတ်အဖြစ် လက်ခံပါတယ်။

ကျောင်းသားတွေကိုသူတို့နဲ့ဆိုင်ရာ Track တွေအတွက် Phase 1 Phase 2 သတ်မှတ်ထားပြီး Phase 1 မှာ ကျောင်းသား ၅၀၀၀ ဆီက သူတို့နဲ့သက်ဆိုင်ရာ အတန်းတွေတက်ရပါတယ်

Cloud Track အတွက်ဆိုရင် Introduction to Cloud DevOps

Data Trackအတွက်ဆိုရင် Introduction to Data Analysis and Programming

AI Trackအတွက်ဆိုရင် Introduction to Deep Learning with PyTorch

ဆိုပြီး သက်ဆိုင်ရာ အခြေခံ course တွေတက်ရပါတယ်။

Phase 1 အတွက် သတ်မှတ်ထားတာကတော့ ၂၀၁၉ နိုဝင်ဘာ ၂၀ ကနေပြီး ၂၀၂၀ မတ်လ ၅ ရက်နေ့အထိ ဖြစ်ပြီး အဲ့အတွင်းမှာ course ကိုပြီးအောင်တက်ပေးရပါတယ်။

Phase 1 ကနေ Phase 2 အတွက်ကတော့ ကျောင်းသား ၁၅၀၀၀ ကနေ ၁၆၀၀ ကိုပြန်ရွေးချယ်ပြီး Udacity ရဲ့ Nanodegree Program ကိုတက်ရောက်ခွင့်ပေးမှာဖြစ်ပါတယ်

Phase 2 အတွက်ကျတော့

Cloud Track ဆိုရင် Cloud DevOps (NanoDegree)

Data Trackဆို ရင် Data Analyst (NanoDegree)

AI Trackအတွက်ဆိုရင် Deep Learning (NanoDegree)

ကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်

ပုံမှန်အားဖြင့် Udacity မှာ ကျောင်းတက်မယ်ဆိုရင်တစ်လကို ၃၉၉ ဒေါ်လာကျသင့်ပါတယ်။ Scholarship ပေးတဲ့ Nanodegree အတွက်ကတော အချိန်၆ လပေးရမှာဖြစ်ပြီး ၂၀၂၀ မတ်လ ၁၈ ရက်နေ့ကနေ ၂၀၂၀ စက်တင်ဘာလ ၁၇ ထိသတ်မှတ်ထားပါတယ် ပြီးဆုံးရင်တော့ Udacity ကပေးတဲ့ NanoDegree ကိုရရှိမှာဖြစ်ပါတယ်။

Bertelsmann Technology Scholarship ကနှစ်စဉ်နှစ်တိုင်းပေးတဲ့ scholarship ဖြစ်လို့ နည်းပညာစိတ်ဝင်စားတဲ့သူတွေရှိရင် ၂၀၂၀ ၁၀ လပိုင်းလောက်မှပြန်ဖွင့်မှာမို့ စိတ်ပါဝင်စားသူများတက်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်

Udacity ရဲ့ NanoDegree ကိုစိတ်ဝင်စားတဲ့လူတွေကတော့ Udacity ရဲ့ official page မှာသွားကြည့်လို့ရပါတယ်ခိုင်ဇာဒီမှာရေးမပြတော့ပါဘူး။ Bertelsmann scholarship ရဲ့ Phase 1 ကနေ Phase 2 ထိရောက်အောင်သွားခဲ့တဲ့အတွေ့အကြုံလေးကိုတော့ အပိုင်း ၂ မှ ဆက်ပြီးဖော်ပြသွားပါမယ်

--

--