My Journey with Bertelsmann Technology Scholarship @Udacity (Part-2)

Khine Zar
2 min readMar 18, 2020

--

အပိုင်း ၁ က ဒီမှာဖတ်လို့ရပါတယ်

ခိုင်ဇာ scholarship လက်ခံရရှိပြီးနောက်ပိုင်းမှာ udacity မှာပုံမှန်ညတိုင်း ၁ နာရီလောက်အချိန်ပေးပြီးတက်ခဲ့ပါတယ်။ phase 1 ကနေ phase 2 ကိုဆက်သွားချင်တယ်ဆိုရင် သူတို့သတ်မှတ်ထားတဲ့ အချက် ၂ ချက်ရှိပါတယ်

၁. Course work အကုန်ပြီးရမယ်

၂. Track အလိုက်သီးသန့်ထားတဲ့ Slack Workspace မှာ တက်တက်ကြွကြွပါဝင်ပြီး contribute လုပ်ရမယ်

လို့ သတ်မှတ်ထားပါတယ်။

နံပါတ် ၁ အချက်က အဆင်ပြေပေမယ့် နံပါတ် ၂ အချက်က တော်တော်ကိုခေါင်းစားစေတဲ့ကိစ္စဖြစ်ပါတယ် ခိုင်ဇာတို့လို့လူတွေ အလုပ်တစ်ဖက်နဲ့ကျောင်းတက်တဲ့အခါ တက်တက်ကြွကြွ contribute လုပ်ဖို့ဆိုတာ အချိန်မပေးနိုင်တဲ့အတွက်ဒုက္ခရောက်ရပါတယ်

ကုမ္ပဏီက slack မှာစကားပြောတယ်ဆိုတာတနေကုန်အချိန်ပေးပြီး လုပ်နေဆွေးနွေးနေတာဖြစ်လို့ အခက်အခဲမရှိပေမယ့် ခိုင်ဇာ့အတွက် ကျောင်းသား အယောက် ၅၀၀၀ လောက်ရှိတဲ့ Slack Workspace အလုပ်နားချိန်မှာ ဘယ်လိုပါဝင်ရမလဲဆိုတာတော်တော်ခေါင်းစားတဲ့အမှုဖြစ်ပါတယ်။ Time Zone မတူတဲ့ ကျောင်းသားအယောက် ၅၀၀၀ က အမြဲစကားပြောနေတဲ့ slack ကိုမြင်ယောင်ကြည့်ပါ အောက်ကပုံအတိုင်းပါပဲ

ဒါပေမယ့် နောက်တစ်ဆင့်အတွက်ရွေးချယ်ခံရဖို့ကလည်း slack participation က အမှတ်ယူ တာဆိုတော့ကျောင်းသားတွေက သူ့ထက်ငါ အချက်အလက်တွေဝေမျှကြ သတင်းတွေဝေမျှကြ မေးကြမြန်းကြ နဲ့ တော်တော်လည်းဖိစီးမှုများတဲ့ကိစ္စပါ ခိုင်ဇာ slack participation ပါဝင်ခဲ့ပုံကိုနောက်နှစ်တက်ချင်တဲ့သူတွေနမူနာအဖြစ် ဝေမျှပေးချင်ပါတယ်

ကျောင်းစတက်ရပြီး ဒုတိယအပတ်လောက်မှာ Student Leader Program စပြီးခေါ်ပါတယ် ခိုင်ဇာလည်း ဒီတိုင်းလည်းကိုယ်က slack participation လုပ်ရမှာဆိုတော့ တာဝန်လေးတစ်ခုရှိရင်သုံးဖြစ်မယ်ထင်လို့ ဝင်အရွေးခံလိုက်ပါတယ် ခိုင်ဇာက #lesson_4_5_pytorch channel ရဲ့ Leader အဖြစ်အရွေးခံရပါတယ်

Student Leader ဖြစ်လာတော့ စာလုပ်ရင်းတစ်ဖက်နဲ့ကိုယ်တာဝန်ယူရတဲ့ slack channel ကိုစည်ကားဖို့လုပ်ပေးရပါတယ် ခိုင်ဇာကတော့တစ်ခြား Student Leader တွေနဲ့ပေါင်းပြီး အပတ်တိုင်းအပတ်တိုင်း quiz လေးတွေလုပ်ဖို့ တာဝန်ယူလိုက်ပါတယ် သူများတွေလုပ်ပေးတဲ့ quiz လေးတွေကို google form နဲ့ပြောင်း ဖြေထားတဲ့လူတွေကိုအပတ်တိုင်းအမှတ်စာရင်းတွေထုတ်ပေးတဲ့အလုပ်လေးလုပ်ရင်း slack participation မှာဝင်ပါခဲ့ပါတယ်။

နောက်တစ်ခုကတော့ သူတို့ udactiy က ကျောင်းchallenge တစ်ခုဖြစ်တဲ့ #60days udacity မှာပါဝင်ပါတယ် နေ့တိုင်းနေ့တိုင်းတစ်နေ့ နာရီဝက် ၁နာရီ ရက်၆၀ စာလုပ်ပြီးကိုယ်ဖတ်တဲ့ကိုယ်လေ့လာတာကို #60days channel မှာသွားပြောယုံပဲမို့ အမြဲလုပ်နေတာကို challengeအဖြစ်လုပ်ပေးရတာပါ အဲ့တာလေးကို slack partipication အဖြစ်ဆက်တိုက်လုပ်ပါတယ်

နောက်တစ်ခုအနေနဲ့ခိုင်ဇာလုပ်ထားတဲ့ စုထားတဲ့ Quizလေးတွေကို resource channel က SL တွေပေါင်းပြီး Resource DB မှာအမြဲပေါင်းပေးတာမျိုးလုပ်ပါတယ်

အခြားကိုယ်တဲ့ မဆိုင်တဲ့စိတ်မဝင်စားတဲ့ channel တွေကို လုံးဝမကြည့်ပါဘူး ခိုင်ဇာ slack particitation အဖြစ်

၁. #60days udacity

၂. Lesson Quiz for channel as a SL

၃. Resource sharing

အဲ့၃ခုပါဝင်ခဲ့ပါတယ် ပြီးရင် course work ကိုပြီးအောင်တက်ခဲ့ပါတယ် ။ ခိုင်ဇာတို့ အသုတ်ရဲ့ Bertelsmann Technology Scholarship ရဲ့ အချက်အလက်တွေကို အောက်ပါလင့်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်

Website URL: https://tinyurl.com/rrmlqap

Resource URL : tinyurl.com/ai-resource-base (AI Track သီးသန့်ပါ )

#60days challenge လည်း ပြီးခဲ့ပါတယ် #60days challengeပြီးရင် AI Track ရဲ့ Website မှာ ကိုယ့်နာမည်လေးဘေးမှာ ကြယ်ပုံလေးနဲ့ဂုဏ်ပြုပေးပါတယ်

နောက်ဆုံး Course Work လည်းပြီးတာမို့ နောက်ဆုံးရက်က မတ်လ ၅ ရက်ဆိုပေမယ့် ခိုင်ဇာ ၂ လပိုင်း အစပိုင်းလောက်ထဲက Udacity ဘက်ကိုလှည့်မကြည့်ခဲ့မိပါဘူး

ဒီနေ့တော့အောင်စရင်းထွက်ပါတယ် မနက်ပိုင်း email စစ်ကြည့်တော့ကံကောင်းစွာပဲနောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ပါတယ်

ခိုင်ဇာရဲ့ Nano Degree ရဲ့ခြေလှမ်းက ဒီနေ့ကစပြီးမှာဖြစ်လို့ပျော်ရသလို နောက်နှစ်တွေမှာလည်း ခိုင်ဇာ့လို Udacity မှာ Scholarship နဲ့တက်ချင်တဲ့လူတွေရှိရင် reference တစ်ခုဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဝေမျှလိုက်ပါတယ်

--

--