Code ရေးနည်း သင်ပေးရင်း Hardware အပိုင်းမှာ တိုင်ပတ်ခြင်း

ကျွန်တော် ကောင်မလေးကို Code ရေးနည်း သင်ရင်း ရရှိသော သင်ခန်းစာများ.

Kelvin Morris
In burmese

--

ဒီနှစ် ဧပြီ ကနေ ဂျူလိုင်အထိ ကျွန်တော် ကောင်မလေးကို Programming သင်ပေးခဲ့တယ်။ သင်ခန်းစာ ရတာကတော့ လူတစ်ယောက်ကို Code ရေးတက်ဖို့ သင်ပေးရာမှာ Hardware က အဓိကကျတယ် ဆိုတာပါပဲ။ CodecademyKhan Academy နဲ့ Scratch တို့ လို site တွေမှာ သင်ကြားရေးအတွက် ဘယ်လောက်ပဲ ပေါ့အောင်လုပ်ထားတဲ့ Code Editor တွေရှိရှိ တကယ်တမ်း Software ရေးကြပါပြီရဲ့  ဆိုရင် သက်ဆိုင်ရာ Code Editor တွေကို သုံးကြရတာပဲလေ။ Software ကောင်းကောင်း တွေကို သင်ကြားတဲ့ သင်ခန်စာ ကောင်းကောင်း အတွက် စတင်လေ့လာသူတွေမှာ Hardware ကောင်းကောင်းဆိုတာကလည်း ရှိသင့် ရှိထိုက်တယ်လို့  ယူဆပါတယ်။ ရှင်းပြပါရစေ။

ဇာတ်လမ်း အစုံအလင်

ကျွန်တော်ဟာ Carnegie Mellon မှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ်ကို သင်ကြားခဲ့ပါတယ်။ ကျွန်တော် Coding skill ကတော့ အကျွမ်းကြီးတော့ မဟုတ်ပေမယ့် Quora လို website မျိုးမှာ product designer တော့ ရထားပါတယ်။

တစ်နှစ်လောက်ကြာတော့ ကောင်မလေးနဲ့  ဂျပန်မှာတွေ့ တယ်။ သူက အဲဒီမှာပဲနေတာလေ။ သူက တိုကျို အမျိုးသမီး ကောလိပ်မှာ Marketing နဲ့  ရိုးရာယဉ်ကျေးမှု ဘာသာရပ်ကို သင်ခဲ့တယ်။ ကျွန်တော်တို့ တွေ့ တဲ့ အချိန်မှာတော့ သူက တိုကျိုက payment startup တစ်ခုမှ အရောင်းဝန်ထမ်း အနေနဲ့ လုပ်နေပြီ။

ဒါပေမယ့် သူက တကယ်တော့ ဒီဇိုင်နာ ဖြစ်ချင်တာ ၊ သူ ကိုယ်တိုင်ကလည်း Software နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတာရယ် ၊ အမြင်ရှိတာရယ်ကြောင့် ကျွန်တော်ကတော့ သူ့ ကို Software Product design ဘက်မှာ လုပ်ဖို့  အကြံပေးခဲ့သေးတယ်။

အနောက်တိုင်းက နည်းပညာတွေနဲ့ စာရင် နှစ်အနည်းငယ်လောက် ဂျပန်ဟာ နောက်ကျ နေပေမယ့် မကြာသေးခင်ကမှ ဂျပန် နည်းပညာ အသိုင်းအဝိုင်းဟာ ဒီဇိုင်း နဲ့  လူတွေ အသုံးပြုရလွယ်ကူဖို့  ဘက်ကို အသားပေးလာကြပါတယ်။ ဘာပဲပြောပြော ဂျပန်မှာ product designer နဲ့ ပတ်သတ်တဲ့ အလုပ်လိုအပ်ချက် ဟာ များနေသေးတာကြောင့် ကျွန်တော် ကောင်မလေးကို အဲဒါနဲ့ ပတ်သတ်တဲ့ နောက်ခံ ပညာရေး မရှိပေမယ့်လည်း product designer တစ်ယောက် ဖြစ်စေချင်ခဲ့ပါတယ်။

အဆင်ပြေသွားတာကတော့ သူ ဧပြီမှာ အလုပ်ထွက်ပြီး ကျွန်တော်ရှိတဲ့ ဆန်ဖရန်စစ္စကို ကိုလာလည်တာပဲ။ ကျွန်တော်တို့ သုံးလလောက် အတူနေပြီး ကျွန်တော် အားတဲ့ အချိန်မှာ product designer ဖြစ်ဖို့  အခြေခံတွေကို သင်ပေးနိုင်ခဲ့တယ်။ သူကိုယ်တိုင်ကလည်း တိုကျိုပြန်ရောက် တော့ အလုပ် ရဖို့ ကို အတော်လေး ကြိုးစားရှာပါတယ်။

သူမကို Code ရေးနည်း သင်ပေးခြင်း

ကျွန်တော်ကတော့ software product designer တိုင်းဟာ code တော့ ရေးတက် ဖို့ လိုပါတယ်လို့  ယူဆပါတယ်။ ဘာကြောင့်လဲ သိချင်ရင်တော့ 37signals ကရေးခဲ့တဲ့ စာနှစ်ပုဒ် ဖြစ်တဲ့ Web designers should do their own HTML/CSS နဲ့ Learning Rails made me a better designer တို့ ကိုသာ ဖတ်ဖို့ တိုက်တွန်းပါရစေ။

ခင်ဗျား ထင်တဲ့ အတိုင်းပဲ ကျွန်တော် ကောင်မလေးဟာ ဘဝမှ Code ဆိုလို့ တစ်ကြောင်းမှ မရေးဖူးပါဘူး။ အဲဒါက Photoshop နဲ့ တခြား design skill တွေလို အခက်အခဲတွေ ထက်စာရင် ပြသနာက ပိုကြီးပါတယ်။ ဒါကြောင့် Code ရေးတာ အရင် သင်ဖို့  ဆုံးဖြတ်ခဲ့ပါတယ်။

HTML/CSS ကစပြီး ပြီးတော့ Jekyll/SCSS တို့ ကို ဆက်သင်ပါတယ်။ သုည ကနေ Blog theme လေးတစ်ခုနဲ့  သူ့ ဖာသာသူ ရိုက်ထားတဲ့ Model Gallery လေးကို တော့ သူဖာသာ သူ ရေးနိုင်တဲ့ အခြေအနေအထိ တိုးတက်လာပြီး နှစ်ခုလုံးကို Jekyll/SCSS နဲ့ ပဲ ရေးတာပါ။

သူမှာ အင်္ဂလိပ်စာနဲ့ ပတ်သတ်ပြီး အခြေခံလောက်ပဲ တက်တော့ Online မှာရော စာအုပ် အနေနဲ့ ပါ လေ့လာဖို့ ရာ အပိတ်အပင် အတားအဆီးတွေ အများကြီးပါပဲ။ နောက်ပြီး ကျွန်တော်ကလည်း ဂျပန်လိုရေးထားတဲ့ အခြေခံ အဆင့် HTML/CSS စာအုပ်တွေ တစ်အုပ်မှ မကြိုက်ဘူး။ အဲဒါကြောင့် သူ့ အတွက် ဂျပန်လို ရေးထားတဲ့ HTML/CSS စာအုပ်ကို ကျွန်တော်ကိုယ်တိုင် ပြန်ရေးရတာပေါ့။ (အောက်က ပုံ ပါ )

My own HTML/CSS textbook in Japanese. Teaching pseudo selectors (left) and absolute positioning (right). Powered by Google Docs.

နောင်ကြရင်တော့ ကျွန်တော် အဲဒီ စာအုပ်ကို အင်္ဂလိပ်လို ပြန်ပြီး ထုတ်ဖို့ တော့ အစီအစဉ် ရှိပါတယ်။ ဒါပေမယ့် အခုကတော့ တွေ့ ရကြုံရတာကိုပဲ ဆက်ပြောချင်ပါသေးတယ်။

နောက်ပိုင်းမှ သူ့ ကို သိသိသာသာ အထောက်အကူ ပြုပေးနေတာ ကျွန်တော် ကိုယ်တိုင် ရေးတဲ့ tutorial မဟုတ်ပဲနဲ့  သူ သုံးနေတဲ့ စက်ကြောင့် အဆင်ပြေနေတာကို သတိထားမိသွားပါတယ်။

ပထမ Hardware ပြဿနာ

သူ့ ကို အခြေခံလောက် သင်ပြီးတဲ့ နောက်မှတော့ HTML/CSS ကို သုံးပြီး ကျွန်တော် ရွေးထားတဲ့ website တွေကို အစကနေ ပြန်ဆောက် ၊ trace ပြန်လိုက်ခိုင်းတဲ့ အခါမှတော့ ပြသနာက စပါလေတော့တယ်။ သူ့ ပြန်လုပ်ထားတဲ့ ဆိုဒ်ဟာ မူရင်းနဲ့  လုံးဝကို တပုံစံထဲ ဖြစ်ရမှာပြီး အဲဒီ HTML ကလည်း တကယ်ကို သေသေသပ်သပ် နဲ့ ရှိရမယ့် စည်းမျဉ်းစည်းကမ်း လိုက်နာ ရမှာ ဖြစ်ပါတယ်။

သူ့ ကို တကယ်တမ်း အကောင်းဆုံးသင်ပေးတာကတော့ တကယ် project မှာ လုပ်ခိုင်းတာပါပဲ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူကိုယ်တိုင်ကလည်း သူကြိုက်တဲ့ webiste တို့  ဥပမာ Medium တို့  Svbtle ဘာတို့ မရှိတော့ ကျွန်တော် ကိုယ်တိုင် သတ်မှတ်ရပါတယ်။

အစကတော့ ကျွန်တော်ရဲ့  ၂၃ လက်မ မော်နီတာ အဟောင်းလေးနဲ့ သူရဲ့  Macbook Air နဲ့ တွဲသုံးတာပေါ့။ ဒါပေမယ့် သူရေးနေရင်းနဲ့  Screen ကို ခဏခဏ ပြောင်းနေရပါတော့တယ်။ အနည်းဆုံးတော့ သူမ အနေနဲ့  အောက်က window ငါးခု ကို ပြိုင်တူ ဖွင့်ထားဖို့ လိုပါတယ်။

  1. နမူနာထားမယ့် ဆိုဒ်ကို ဖွင့်ထားရမယ့် chrome window တစ်ခု။ ပုံရဲ့  ညာဖက် အပေါ်ဖက်က။
  2. လက်ရှိလုပ်နေတဲ့ HTML file အတွက် ဖွင့်ထားရမယ့် Chrome window က တစ်ခု။ ပုံရဲ့  ဘယ်ဘက် အပေါ်ဘက်ခြမ်း ။
  3. Sublime Text 2 window ၊ HTML view မြင်ကွင်းနဲ့  CSS view မြင်ကွင်း နှစ်ခြမ်းခွဲထား ။ ပုံရဲ့  အောက်ဘယ်ဘက် အခြမ်း။
  4. Evernote window ၊ မှတ်စရာတွေနဲ့  ကူးစရာ ကုတ်တွေ ထားရန်။ ပုံရဲ့  ညာဘက် အောက် အခြမ်း။
  5. A GitHub for Mac window to သူပြင်တဲ့ Code တွေကြည့်နိုင်အောင် ထားထားပါတယ်။ သူ Github အကောင့်ကို နဲ့ ချိတ်ထားတော့ သူရေးတဲ့ code တွေ pull request တွေကို ကြည့်နိုင်တာပေါ့။ ဘယ်ဖက်ထောင့်ဆုံးပုံ။

Window တစ်ခုချင်းဆီက အကြမ်းဖြင်း 1280x800 pixel လောက်လိုတယ်။ နောက်ဆုံးတော့ ကျွန်တော်ရဲ့  လက်မသုံးဆယ် Cinema Display မော်နီတာ ကို ခဏငှားလိုက်တယ်။ 2560x1600 pixel resolution လောက်မှပဲ အပေါ်က window ငါးခုလောက်ကို တပြိုင်နက် ပြဖို့ အဆင်ပြေလောက်မှာ။ နောက်ဆုံး window ကတော့ သူ့ latop ပေါ်မှာပေါ့။ Window managment အတွက်ကတော့ သူ Moom ကိုသုံးခဲ့တယ်။

၂၃ လက်မ မော်နီတာ (အပေါ်) နှင့် လက်မ ၃၀ မော်နီတာ (အောက်)

ဘာဖြစ်လို့ သူ window တွေ အများကြီးကို တပြိုင်နက် ကြည့်ဖို့ လိုမလဲ ? အကြောင်းအရင်း ကတော့ စတင်လေ့လာတဲ့သူတွေက ကိုယ့်ကုတ်ကို ရေးပြီးတာနဲ့ ချက်ချင်း ပြောင်းတာ မြင်ချင်ကြတက်ပါတယ်။

Brett Victor ရဲ့  မှတ်သားစရာ စာအုပ်ဖြစ်တဲ့ Learnable Programming ထဲမှာ ညွန်ပြထားတဲ့ “လုပ်ရင်းနဲ့ သင်” ဆိုတဲ့ သင်ကြားတဲ့ နည်းလမ်းထဲက ညွန်းဆိုရမယ် ဆိုရင်

လုပ်ရင်းနဲ့ သင်ဆိုတဲ့ နည်းလမ်းက တစ်ခုခုကို စလုပ်ပြီး မှားခဲ့ရင်တောင် ပြင်ဖို့  ကြိုးစားရင်နဲ့  သင်ကြားမှုကို ဆိုလိုပါတယ်။

အဲဒီအတိုင်းပဲ ကျွန်တော် ကောင်မလေးက လုပ်တာပါပဲ။ ပထမဆုံး သူ လုပ်ရမယ့် Page ကိုဆုံးဖြတ်တယ်။ နောက်ပြီး အဲဒါနဲ့ ဆင်တဲ့ Code ကို ကြိုးစားပြီး ရေးကြည့် တယ်။ နောက်တော့ တူမတူကို ယှဉ်ပြီး ဆုံးဖြတ်ကြည့်တယ်။ အဲဒီလိုမျိုး အခါခါ စမ်းရင် ပြင်ရင်းနဲ့  မူရင်းနဲ့ သူမရေးတာ တူသွားတော့မှ ရပ်ပါတော့တယ်။

ဒုတိယအဆင့်နဲ့  တတိယအဆင့်မှာ Codekit ကိုသုံးပြီး Browser ကို refresh လုပ်ခိုင်းထားတော့ Ctrl+R (reload) လုပ်စရာမလိုပဲနဲ့  ချက်ချင်း browser မှာ တန်းပေါ်ပါတယ်။ သူ တစ်ခုခုမှားရင်လည်း Github for Mac ကိုသုံးပြီး “ဘွာတေး” လုပ်လို့ လည်း ရသေးတယ်။ အဆင့်တိုင်းမှာ သူအနေနဲ့  အမှားတစ်ခုထဲကို ထပ်ခါထပ်ခါ မမှားအောင် note ထုတ်ပြီး မှတ်ထားလေ့ရှိပါတယ်။

ဒါကြောင့် မလိုအပ်ပဲ ကြာနေတာတွေကို လျှော့ချနိုင်အောင် Window ငါးခုလုံးက တချိန်တည်း ဖွင့်ထားဖို့ လိုတာပါ။ အားလုံးကို တချိန်တည်း မြင်နေတဲ့ အခါ သူ အနေနဲ့  မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တာပေါ့။

ဒါပေမယ့် ခင်ဗျားကတော့ ဒီလို ပြောချင်ပြောမှာပေါ့ “အပိုတွေ ပြောမနေနဲ့  ⌘+number နဲ့  ⌘+tab လို shortcut တွေက ဘာလုပ်ဖို့ ထားထားတာလဲ”။ ဟုတ်ပါတယ်။ ဒါပေမယ့် စစသုံးခြင်း Coder တွေဟာ window တစ်ခုနဲ့ တစ်ခုကို switch လုပ်ဖို့ ကို ကျင့်သားမရသေးပါဘူး။ ကျွန်တော်တို့  ဒီနည်းလမ်းကို သင်ပေးလို့ ရပေမယ့် စစခြင်းမှာ သုံးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ စတင်လေ့လာသူတွေကို စစခြင်းမှာ ဝန်မပိစေချင်ပါဘူး။

နောက်ပိုင်းကြတော့ ကျွန်တော်ကောင်မလေးဟာ လက်မ ၃၀ မော်နီတာ မရှိရင် Code တောင် မရေးချင်တော့ပါဘူး။ ကျွန်တော် အခန်းက Wifi သုံးလို့ ရတဲ့ Coffee ဆိုင်တွေ အမြောက်အမြားရှိတဲ့ Palo Alto မြို့ ထဲကနေ့  ဆိုင်ကယ်စီးရင် သိပ်မဝေးပေမယ့် အဲဒီ မော်နီတာ အကြီးကြီး သုံးချင်တာနဲ့  ကျွန်တော် အခန်းမှာပဲနေပြီး Code ရေးပါတော့တယ်။ ကလေးဆိုး ကြီး တစ်ယောက်လို ဖြစ်နေပေမယ့် Code ကို နောက်ပိုင်းမှာ မြန်မြန်ဆန်ဆန် ရေးနိုင်လာပြီး တဖြည်းဖြည်းနဲ့  အပေါ်က ပြောခဲ့တဲ့ Shortcut တွေပါ သုံးနိုင်တဲ့ အထိ ကျွမ်းကျင်လာပါတယ်။

တကယ်တမ်း စဉ်းစားကြည့်ရင် ကျွန်တော်တို့ လို အတွေ့ အကြုံရှိတဲ့သူတွေတောင် မော်နီတာ အကြီးကြီးကို သုံးရတာ သဘောတွေ့ ပါသေးတယ်။

ကျွန်တော် ကုမ္ပဏီတစ်ခုမှာ မန်နေဂျာ လုပ်တုံးက အင်ဂျင်နီယာ တစ်ယောက် ပြောဖူးတာပါ။ သူ က ကုမ္ပဏီကထွက်ပြီး ကုမ္ပဏီအသေးလေး တစ်ခု ဆီ ပြောင်းမယ် လုပ်တုံးက ကျွန်တော် မေးဖူးပါတယ်။

ကျွန်တော်: ဘာလို့  ဒီကနေ ထွက်တာလဲ?
သူ : အဲဒီမှာ မော်နီတာအကြီးကြီးတွေ သုံးလို့ ရတယ်ကွ

ဒီတော့ ဘာလို့  စလေ့လာသူတွေကိုလည်း မော်နီတာ အကြီးကြီးတွေ ပေးမသုံး ရမှာလဲ။ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ခြင်း ၊ မြန်မြန်ဆန်ဆန် အမှားတွေ့  နိုင်ခြင်း နဲ့  window managament လိုဟာမျိုးကို လုပ်စရာမလိုတဲ့ အကျိုးတွေ အများကြီးပါတယ်။

ဘယ်လောက်ပဲ Code Editor တွေ ကောင်းလာလာ ၊ တကယ်တော့ Screen တစ်ခုထဲမှာ Screen size ပြဿနာကို ရှင်းလို့ မရပါဘူး။ ဒါကြောင့် smartphone ခေတ်ကြီးမှာတောင် tablet တွေက ရှိနေတုံးပါပဲ။

ဒုတိယ ဟတ်ဒ်ဝဲ ပြဿနာ : ကီးဘုတ်

Coder မဟုတ်တဲ့ သူတွေ အတွက် သူတို့  keyboard ဟာ အထွေထွေ အသုံးပြုတဲ့ ဟာဖြစ်ပြီး သေးတဲ့ဟာတွေ များပါတယ်။

ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ Code editor တွေထဲမှာ မဟုတ်ပဲ အပြင်မှာ <,>,{,} နဲ့  # လို key တွေကို ဘယ်နှစ်ခါများ ရိုက်ဖြစ်ပါသလဲ ??? ဒါမှမဟုတ် Sublime Text ထဲမှာ tab တစ်ခုကို wrap လုပ်တဲ့ Ctrl+shift+w ဆိုတဲ့ shortcut မျိုးကိုရော ?? သိပ်အများကြီး မရှိပါဘူး။ ဒါကြောင့် Coder မဟုတ်တဲ့ သူတွေ အနေနဲ့  ဒီ key တွေကို ရိုက်ဖို့ အစပိုင်းမှာ နှေးလေ့ရှိပါတယ်။

ကျွန်တော် ကောင်မလေး Code ရေးရင် ကျွန်တော် ဘေးကနေ ထိုင်ကြည့်လေ့ရှိပါတယ်။ သူ Shortcut မသုံးပဲနဲ့  ဒီတိုင်း လုပ်ဖို့ ကြိုးစားရင် ကျွန်တော် ဘေးက သတိပေးပါတယ်။ ဒါကြောင့်လည်း သူ Shortcut တွေကို note ထဲမှာ ရေးပြီး ဘေးနားမှာ ထားထားတာပေါ့။ ဒါပေမယ့် နေတိုင်း ရက်ဆက် သူအဲဒီ shortcut တွေကို မသုံးဖြစ်ပါဘူး။

ကျွန်တော် သတိထားမိတာကတော့ သူအဲဒီ key တွေကို ဘယ်လက်ချောင်းနဲ့  ထိတွေ့ ရမှန်းကို မသိတာပါ။ ဥပမာ ကျွန်တော်က “{“ ကို ရိုက်ခိုင်းမယ် ဆိုရင် သူ keyboard ကို ပြန်ကြည့်ရပါသေးတယ်။ သူအရင်သုံးနေကြက ဂျပန် keyboard ဆိုတော့ သူ့ အနေနဲ့ အလေ့အကျင်မရှိပါဘူး။

Microsoft Natural Ergonomic Keyboard 4000

သူ့ ရဲ့ အဲဒီ အကျင့်ကို ပြင်ဖို့  Microsoft Natural Ergonomic Keyboard 4000 ကိုဝယ်လိုက်တယ်။ အဲဒါနဲ့ သာဆိုရင် သူ key နဲ့  လက်ချောင်းနဲ့  မှန်မှန် မသုံးရင် ရိုက်ရတာ တော်တော် ခက်တယ်။ ပြီးတော့ သူ နေ့တိုင်း Peter’s Online Typing Course ကိုလည်း တက်နေသေးတယ်။ ပထမ lesson ဆယ်ခုလောက် ပြီးတဲ့ အခါမှာတော့ သူ စာရိုက်တာ ဟာ တကယ် code ရေးနေတဲ့ သူတစ်ယောက်လို မြန်လာပြီး Shortcut တွေလည်း သိပ်မမှားတော့ပါဘူး။

ဒါနဲ့  Coder တစ်ယောက်ကို typing ရိုက်တာ ပြဿနာ ရှိမရှိ သိချင်ရင်တော့ ဘာ key မှာ label မထိုးထားတဲ့ keyboard ကို ပေးလိုက်ပါ။ တကယ်လို့ နှေးနေတယ် ဆိုလို့ ရှိရင် ပြဿနာ ရှိပါတယ်။

စာရိုက်တာမှာ နှောင့်နှေးနေတာဟာ လေ့လာခါစ coder တွေကို ကျွမ်းကျင်ဖို့ အတွက် အနှောင့်အယှက် ပေးပါတယ်။ Code များများရေးရလေလေ၊ နှေးလေလေ ၊ ဒေါသထွက်လေလေပါပဲ။ ကျွန်တော်တို့ လို့  အတွေ့ အကြုံရှိတဲ့ လူတွေ အနေနဲ့ က တခါမှ တွေးဖူးမှာ မဟုတ်ပေမယ့် တကယ်တမ်း Coding ရေးသားဖို့ လေ့လာရာမှာ ဒီလို အခက်အခဲမျိုးရှိတယ် ဆိုတာ သတိချပ်ရပါမယ်။

နိဂုံး

ကျွန်တော် ကောင်မလေးအတွက် ဟက်ဒ်ဝဲ နှစ်ခု ( မော်နီတာ နဲ့  ကီးဘုတ်) ဟာ တကယ်ကို အထောက်အကူပြုပါတယ်။ ဒါဟာ တခြား Code ရေးသင်တဲ့သူ တွေလည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ Code editor တွေ ပိုပြီး တိုးတက် ကောင်းမွန်လာပေမယ့် ဟက်ဒဲဝဲ လိုအပ်ချက်တွေကတော့ တည်ရှိနေဆဲပါ။

Andy Hunt ရဲ့  နာမည်ကျော် စာအုပ်ဖြစ်တဲ့ Pragmatic Thinking and Learning book ထဲက အတိုင်း ပြောရမယ်ဆိုရင်တော့ စတင်လေ့လာသူတွေဟာ ပိန်းတာ မဟုတ်ပါဘူး။ သူတို့ တွေးတဲ့ပုံစံကိုက မတူတာပါ။ သင့်အနေနဲ့ကတော့ “ဘာလိုများ window အများကြီးဖွင့်ဖို့  လိုမှာလဲ” ဆိုပြီး တွေးကောင်း တွေးပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ သူဟာ ဒီ window တွေ တပြိုင်နက် ဖွင့်ဖို့ လိုတယ်လို့  တွေးမှ ပိုပြီး သက်တောင့်သက်သာ ရှိမှာပါ။ ဒါကို ပုံမှန်အားဖြင် မြင်နိုင်ဖို့ မလွယ်ပါဘူး။ သင့်ဟာ နည်းနည်း အချိန်ကြာတာနဲ့ တပြိုင်နက် လူသစ်တန်း တစ်ယောက်လို တွေးနိုင်စွမ်း ပျောက်ဆုံးသွားပါတယ်။

ကျွန်တော် ကောင်မလေးဟာ ဂျူလိုင်မှာ ဂျပန်ကို ပြန်သွားပါတယ်။ မကြာမီမှာပဲ သူဟာ တိုကျိုမှာ ရှိတဲ့ ကုမ္ပဏီအသေးလေး တစ်ခုမှာ အလုပ်သင် ဒီဇိုင်နာ အဖြစ် အလုပ်ရသွားပါတယ်။ ကျွန်တော် စက်တွေ ဝယ်ရကျိုးနပ်သွားတာပေါ့။ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ဖြည့်စွက် (၁၉ရက် ၊ ၈ လ ): ဒါပေမယ့် အပေါ်က ညွန်းဆိုထားတဲ့ Code ရေးတာဟာ Programming လုပ်ရင်တွေ့ကြုံရမယ့် အခက်အခဲတွေနဲ့ ထပ်တူ မကျတာတော့ ဝန်ခံပါတယ်။ Programming လုပ်ရင်တော့ Logic တွေကို ကိုင်တွယ်ရမှာ ဖြစ်ပြီး Code ရေးရာမှာတော့ အဲဒီလို မဟုတ်ပါဘူး။

ကျွန်တော် ကောင်မလေးဟာ Jekyll/SCSS ကို အသုံးပြုပြီး logic တွေရေးခဲ့တာ ဟုတ်ပေမယ့် အခုမှသာ တကယ် Programming language ဖြစ်တဲ့ Javascript ကိုလေ့လာနေပါပြီ။ အချိန်ရရင်လည်း ကျွန်တော် သူကို Programming သင်ရင် ရခဲ့တဲ့ အတွေ့အကြုံတွေလည်း ရေးပါဦးမယ်။

မှတ်ချက်များ

ကျွန်တော် ထင်တာ ဒါဟာ HTML&CSS နဲ့ Website တစ်ခုကို ပုံတူကူးတဲ့ အပိုင်းကို သင်ကြားပေးလို့  အဓိက လိုနေတာ ဖြစ်မယ်။ တကယ်တမ်း Python၊ C ဒါမှမဟုတ် Java ကို သင်တဲ့လူတစ်ယောက် အနေနဲ့  Monitor အကြီးကြီးကို လိုချင်မှလည်း လိုပါလိမ့်မယ်။ (link)

ဟုတ်ပါတယ်။ ကျွန်တော် ပြောဖို့ မေ့သွားတယ်။ ကျွန်တော်ဟာ တခြား Language တွေ မသင်ခင်မှာ Java နဲ့ C ကို သင်ဖူးပါတယ်။ ယနေ့ခေတ်မှာ လူတွေဟာ Web ဒါမှမဟုတ် Mobile app တွေကို တည်ဆောက်ခြင်းနဲ့ Code ရေးတာကို သင်ကြပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် monitor ကြီးကြီးရှိတာဟာ အထောက်အကူ ဖြစ်ပါတယ်။ တခါတလေ Website ကို ပုံတူကူးတာ မဟုတ်ပဲ Javascript ရေးတာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် Web inspector ကို ခဏခဏပြောင်းရတာ လက်ဝင်တာတော့ အမှန်ပဲ။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး Twitter မှာ Message ပို့နိုင်သလို Hacker News မှာလည်း ဆွေးနွေးနိုင်ပါတယ်။

--

--