ကျွန်တော်တစ်ခါတစ်ခါလျောက်တွေးဖြစ်တယ်။ ကိုယ်နေ့တိုင်းတွေ့ကြုံကြားသိနေတာတွေပေါ်မူတည်ပြီးအတွေးတွေကလည်းပြောင်းလဲနေတယ်။ အခုဒီမှာနေ့တိုင်းလိုရေးနေတာတွေကလည်းကျွန်တော့်အတွေးတစ်ခုကနေဖြစ်လာတာပါဘဲ။
ကျွန်တော်သည် လက်ဖက်ရည်ဆိုင်ဆိုလျှင် တစ်နေ့တစ်ခါလောက်တော့ထိုင်လိုက်ရမှနေသာထိုင်သာရှိတက်သောသူဖြစ်သည်။ တစ်ချို့ကျွန်တော့်သူငယ်ချင်းတွေလက်ဖက်ရည်ဆိုင်ထိုင်သူများကိုအချိန်ဖြုန်းသည်ဟုပြောကြသည်။ ထိုအချိန်မျိုးတွင် စာရေးဆရာမင်းလူရဲ့ဆောင်းပါးတစ်ပုဒ်ကိုသွားသတိရမိတယ်။
ဆယ်တန်းအောင်ပြီးကာစအရွယ်တုန်းကအိမ်ကနေထွက်… ရန်ကုန်ကိုသွား… ရှိတဲ့ပိုက်ဆံလေးနဲ့တက်လို့ရတဲ့ကွန်ပျူတာသင်တန်းတက်လုပ်ခဲ့တယ်… အလုပ်ရကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အထိဘဲ…